CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ယနေ့ (ဒီဇင်ဘာ ၆ ရက်)တွင် နေပြည်တော်အထူးတရားရုံးက ထောင်ဒဏ် ၄ နှစ်စီ ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း ရှေ့နေမျာ အသိုင်းအဝိုင်းမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် စွဲဆိုထားသည့် အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅(ခ)နှင့် စွဲဆိုခံထားရသည့်အမှုအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံစေရန် နေပြည်တော်အထူးတရားရုံးက ယနေ့ (ဒီဇင်ဘာ ၆ ရက်)တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။

အလားတူ ဦးဝင်းမြင့်ကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် စွဲဆိုထားသည့် အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅(ခ)နှင့် စွဲဆိုခံထားရသည့်အမှုအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံစေရန် နေပြည်တော်အထူးတရားရုံးက ယနေ့ (ဒီဇင်ဘာ ၆ ရက်)တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။