ဘန်ဂျူ၊ ဒီဇင်ဘာ ၅

ဒီမိုကရေစီအရေး တိုးတက်မှုကို စမ်းသပ်ခြင်းဟု ရှုမြင်ကြသည့် ဂမ်ဘီယာရွေးကောက်ပွဲတွင် အကြိတ်အနယ် ပြိုင်ဆိုင်လျက် နိုင်ငံသားများက ၎င်းတို့၏သမ္မတအတွက် မဲပေးခဲ့ကြပြီးနောက် မဲရုံများ ပိတ်လိုက်ကာ မဲ ရေတွက်မှုစတင်နေပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြထားသည်။

သမ္မတဟောင်း ယာယာဂျမ်မား ၂၀၁၆ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ပြီးနောက် ယခုလဆန်းပိုင်း ဒီဇင်ဘာ ၄ ရက် မဲပေးမှုသည် အာဖရိကတိုက်အနောက်ပိုင်းရှိ ဂမ်ဘီယာနိုင်ငံအတွက် ပထမဆုံးသော ဒီမိုကရေစီရွေးကောက်ပွဲ ဖြစ်သည်။

လက်ရှိသမ္မတ အက်ဒမ်မာဘော်ရိုးကို ကျောထောက်နောက်ခံပေးသော အတိုက်အခံညွန့်ပေါင်းအဖွဲ့ကို ရှုံးနိမ့်ခဲ့သူ ယာယာဂျမ်မားသည် ၎င်း၏အရှုံးကို လက်ခံရန် ငြင်းဆန်ပြီး ၂၀၁၇ ခုနှစ်တွင် အာဖရိကတိုက် အလယ်ပိုင်းရှိ အီကွေတိုရီရယ်ဂီနိနိုင်ငံသို့ ထွက်ပြေးသွားခဲ့သည်။

ဂမ်ဘီယာသည် စာမတတ်သူနှုန်းမြင့်မားသောနိုင်ငံဖြစ်၍ ယခုရွေးကောက်ပွဲ၌ မဲများပျက်စီးခြင်းကို ရှောင်ရှား နိုင်ရန် ကိုယ်စားလှယ်လောင်းတစ်ဦးစီ၏ မဲပုံးများထဲသို့ ဂေါ်လီလုံးထည့်သွင်းပေးခြင်းဖြင့် သီးသန့်စီ မဲပေးသည့် စနစ်ကို ကျင့်သုံးခဲ့သည်။

အသက် ၅၆ နှစ်အရွယ်ရှိပြီး ယခင်က နိုင်ငံကာကွယ်ရေးနှင့် ပိုင်ဆိုင်မှုများကို တိုးပွားစေခဲ့သူ အက်ဒမ်မာ ဘော်ရိုးသည် ၎င်း၏ဇနီးနှစ်ဦး ခြံရံလိုက်ပါလျက် ဘန်ဂျူမြို့တော်တွင် လာရောက်မဲပေးသွားခဲ့သည်။

“ဂမ်ဘီယာမဲဆန္ဒရှင်တွေကို အများကြီးတွေ့လိုက်ရလို့ ဝမ်းသာပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ မိမိ အောင်ပွဲခံနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရိုးရှင်းသော လူများစုကိုယ်စားပြု မဲပေးမှုစနစ်အောက်တွင် ဒီဇင်ဘာ ၅ ရက်(ယနေ့)၌ ရွေးကောက်ပွဲရလဒ်များ စတင်ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားကြသော်လည်း လတ်တလောမဲအရေအတွက်များကတော့ ဒီဇင်ဘာ ၄ ရက်ကတည်းက ကြားသိနေရသည်။

လက်ရှိသမ္မတ ဘော်ရိုးသည် ၎င်းကို အဓိကစိန်ခေါ်သူအဖြစ် ရှုမြင်ခံထားရသည့် အသက် ၇၃ နှစ်အရွယ်ရှိ ၎င်း၏နိုင်ငံရေးအကြံပေးဟောင်း အော်ဆိုင်နူဒါဘိုးအပါအဝင် ပြိုင်ဘက် ၅ ဦးနှင့် ရင်ဆိုင်ခဲ့ရသည်။

မဲပေးမှုများတွင် အနှောင့်အယှက်ဖြစ်စေသည့် သတင်းများထွက်ပေါ်ခြင်းမရှိဘဲ ဒါဘိုးကတော့ ခရီးသွားလုပ်ငန်းကို သာ မှီခိုနေရသော ဂမ်ဘီယာအတွက် ၎င်းအပေါ် ထောက်ခံသူများကို တည်တည်ငြိမ်ငြိမ်ရှိကြဖို့ တောင်းဆို ခဲ့သည်။

“ကျနော်တို့ ခရီးသွားရာသီရောက်နေပြီဗျ။ ဒီနိုင်ငံမှာ နည်းနည်းလေး အနှောင့်အယှက်ဖြစ်တာနဲ့ ခရီးသွားတွေ အားလုံးကို မောင်းထုတ်သလိုဖြစ်သွားလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Source: Aljazeera