CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂
အကြမ်းဖက်အားပေးသတင်းများ ရေးသားပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဟု ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်က ရန်ကုန်မြို့မှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့်တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီး ဦးမောင်မောင်အုန်းက “ သတင်းမီဒီယာများအနေဖြင့် အကြမ်းဖက်သမားများကို အားပေးအားမြှောက် ဆန်သည့် သတင်းများ၊ ပြည်သူများ အထိတ်တလန့်ဖြစ်စေသည့် သတင်းများ၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေမည့် သတင်းများကို ရေးသားဖော်ပြခြင်း မပြုရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ကို ကျယ်ပြန့်စွာ အသိပေးထားရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ရေးသားဖော်ပြခြင်း မပြု ရန်လည်း မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအနေဖြင့် ဝိုင်းဝန်းကြပ်မတ် ပူးပေါင်းဆောင်ရွက်ပေးပါရန် တိုက် တွန်းကြောင်း” ပြောသည်။
ဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ မြန်မာသတင်းမီဒီယာကောင်စီ တွေ့ဆုံစဉ်
ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် မိမိ၏ လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ လွတ်လပ် စွာ လုပ်ဆောင်နိုင်ကြောင်း၊ အထူးသဖြင့် ယနေ့ဖြစ်ပေါ်နေသော အကြမ်းဖက်များ၏ လုပ်ဆောင်မှုများအပေါ် ဝိုင်း ဝန်းဆန့်ကျင့်ပေးရန်နှင့် ပြည်သူများ မှန်ကန်စွာ ရပ်တည်ဆောင်ရွက်နိုင်ရေး မီဒီယာနည်းလမ်းများဖြင့် ကူညီ ဆောင်ရွက်ပေးရန်လိုကြောင်း၊ မဟုတ် မမှန်သတင်းများအပေါ် အခြေခံ၍ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် ထိခိုက်စေနိုင်သည့် ရေးသားဖော်ပြမှုများကို ရှောင်ကြဉ်ကာ ဆင်ခြင်တုံတရားဖြင့် အပြုသဘောရေးသား ဖော်ပြ ပေးကြရန် လိုကြောင်း ၎င်းက ပြောသည်။
လက်ရှိ မြန်မာ့သတင်း လောကတွင် အစွန်းနှစ်ဖက်သို့ ရောက်သွားကြပြီး မီဒီယာကျင့်ဝတ်ပါ စည်းကမ်းချက်များ အတိုင် လိုက်နာ၍ ရေးသားကြသူများ နည်းပါးလာကြသလို သတင်းသမားများအတွက် အကာအကွယ်ပေးမှုများ လည်း အလွန်အားနည်းလျက်ရှိနေသည်ဟု မြန်မာသတင်းသမားများက ထောက်ပြကြသည်။
နစက၏ နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်စာကိုတွေ့ရစဉ်
အလားတူ အကြမ်းဖက် အားပေးအားမြှောက်သတင်းဆိုသည်မှာ မည်သည့်သတင်းမျိုးလဲဆိုသည်ကို ရှင်းရှင်း လင်းလင်း ချပြသတ်မှတ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့်တပ်မတော်ကို ထိခိုက်စေနိုင်သည့် ရေးသားမှု မျိုးကို ရှောင်ကြဉ်ရမည်ဟု ကန့်သတ်ခြင်းကလည်း ဘက်လိုက်ရေးသားရန် ပြောနေသလိုဖြစ်နေကြောင်း မြန်မာ သတင်းသမားများက ထောက်ပြကြသည်။
မြန်မာသတင်းသမားတစ်ဦးက “SAC ဥက္ကဋ္ဌက နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်နေတယ်၊ တပ်မတော်ကိုလည်း တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွေ၊ အကြမ်းဖက်အဖွဲ့တွေ၊ အကြမ်းဖက်သမားတွေကို တောင် ငြိမ်းချမ်းရေးဆွေးနွေးအောင်ဆိုပြီး ဖိတ်ခေါ်ပြီး စားပွဲဝိုင်းထိုင် မျက်နှာချင်းဆိုင် ဆွေးနွေးဖို့လုပ်နေချိန်မှာ အပ်တိုတစ်ချောင်းတောင် မကိုင်ထားတဲ့ ကလောင်ရှင်တွေကိုကျတော့ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက် အောင်၊ အကြမ်းဖက် အားပေးအားမြှောက်မှု သတင်းတွေရေးလို့ဆိုပြီး ဖမ်းဆီး ထောင်ချဖို့ လုပ်မယ်ဆိုတာက တရားမျှတမှုရှိရဲ့လား၊ နည်းမှန်လမ်းမှန်ကို လုပ်နေသလားဆိုတာ ပြန်သုံးသပ်သင့်တယ် ထင်ပါတယ်။ ဘယ်လို သတင်းမျိုးတွေက အကြမ်းဖက် အားပေးအားမြှောက်လုပ်တဲ့ဟာလည်းဆိုတာ ရှင်းရှင်းလင်းလင်းချပြသင့်ပါ တယ်။ ဒါမှလည်း သတင်းသမားတွေက ဘယ်လို ရေးသားကြမလဲဆိုတာ စဉ်းစားလို့ရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
မြန်င်းသမာသတမားများကို တွေ့ရစဉ်(ဓာတ်ပုံ- ဖရွန်တီးယားမြန်မာ)
ထို့ပြင် နစကသည် သတင်းသမားများကို တစ်ခုခုဆိုပါက အရေးယူလျှင် ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် မထွက်ခွာဘဲ ပြည်တွင်းမှာသာ လုပ်ကိုင်နေကြသည့် သတင်းသမားများကိုသာ အရေးယူနိုင်စွမ်းရှိပြီး ပြည်ပ ကနေ ရေးသား ဖြန့်ဝေနေသူများကိုတော့ အရေးယူနိုင်စွမ်း အလွန်အားနည်းနေခြင်းကလည်း မျှတမှုမရှိကြောင်း မြန်မာ သတင်းသမားများက ပြောသည်။
မြန်မာ့သတင်းလောကတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို သေချာလေ့လာပြီး မည်ကဲ့သို့ သတင်းလောက ကို ထိန်းကြောင်း၍ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်မလဲဆိုသည့် နည်းလမ်းကို ရှောင်ဖွေသင့်ကြောင်း မြန်မာသတင်းသမားများက ထောက်ပြကြသည်။