CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆
စစ်ရေးတင်းမာနေသည့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့ကို ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဇန်နဝါရီ ၁၄ ရက်က ရောက်ရှိလာပြီး နယ်မြေခံတပ်မိသားစုများကို တွေ့ဆုံခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး စိုးတင့်နိုင်၊ တပ်မတော်အရာရှိကြီးများလည်း ပါဝင်ခဲ့သည်။
ထို့နောက် လဟယ်မြို့သို့ ဆက်လက်ထွက်ခွာ၍ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံခဲ့ သည်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့(PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
KIA-PDF ပူးပေါင်း၍ ဟုမ္မလင်းမြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည်။
ဟုမ္မလင်းမြို့သည် ချင်းတွင်းမြစ်ကမ်းနားဘေးတွင် ရှိသော မြို့ဖြစ်သလို လေယာဉ်ခရီးစဉ်များလည်း ပြေးဆွဲလျက် ရှိသော မြို့ဖြစ်နေ၍ စစ်ရေးနှင့်စီးပွားရေးအရ အချက်အချာ ကျသည့်မြို့ဖြစ်သည်။
ဟုမ္မလင်းမြို့ကို KIA-PDF က ထိန်းချုပ်နိုင်ခဲ့ပါက ခန္တီးမြို့၊ ဗန်းမောက်မြို့၊ နာဂဒေသ အပါအဝင် ဥရုချောင်း တစ်လျှောက်နှင့် ချင်းတွင်းမြစ်တစ်လျှောက်ကို ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။