CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင် အေးနှင့် အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်တို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်သည် နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကျင်းပလေ့ရှိသည်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေးက နာဂဒေသ တည်ငြိမ်အေးချမ်းရေးကို ဒေသခံများက ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
