CNI International News

စတော့ဟုမ်း၊ နိုဝင်ဘာ ၃၀

မက်ဒယ်လီနာအန်ဒါဆင်သည် ဆွီဒင်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ပြီး တစ်ပတ်မပြည့်မီတွင် မူလရာထူးအတိုင်း အစိုးရအဖွဲ့ အကြီးအကဲနေရာသို့ ပြန်လည် ခန့်အပ်ခံရကြောင်း အယ်လ်ဂျာဇီးယား သတင်းက ဖော်ပြထားသည်။

သူမသည် ဆွီဒင်နိုင်ငံ၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်လည်း ဖြစ်သည်။

သူမကို နိုဝင်ဘာ ၂၉ ရက်တွင် ဆွီဒင်နိုင်ငံရေး အသိုင်းအဝိုင်းအတွင်း ပွတ်ကာသီကာ ထောက်ခံမှုများဖြင့် ထပ်မံရွေးချယ် ခန့်အပ်ခဲ့ကြခြင်း ဖြစ်သည်။ အန်ဒါဆန်သည် တစ်ပါတီတည်းဖြင့် လူနည်းစုပါဝင်သည့် အစိုးရတစ်ရပ် ပြင်ဆင် ဖွဲ့စည်း၍ နိုဝင်ဘာ ၃၀ ရက်တွင် အစိုးရအဖွဲ့အမည်စာရင်း ပေးမည်ဟု မျှော်လင့်ရသည်။

အန်ဒါဆင်သည် ယခင်သီတင်းပတ်က သူမ၏ နှစ်ပါတီညွန့်ပေါင်းအဖွဲ့မှ ပါတီတစ်ခု ထွက်သွားပြီးနောက် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ပေးခဲ့ရသည်။

“လူနည်းနည်းပဲပါတဲ့ အစိုးရအနေနဲ့ လွှတ်တော်ထဲမှာ တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းကောင်း ရှိထား တယ်လို့ ကျမ မြင်ပါတယ်” ဟု စုစုပေါင်း လွှတ်တော်အမတ်နေရာ ၃၄၉ နေရာရှိသည့်အနက် အမတ်နေရာ ၁၀၀ ရရှိထား သည့် ပါတီ၏ ခေါင်းဆောင်ဖြစ်သူ အန်ဒါဆင်က နိုဝင်ဘာ ၂၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပုံ-ဆွီဒင်ဝန်ကြီးချုပ် အန်ဒါဆင်ကိုတွေ့ရစဉ်။(Magdalena Andersson/fb)

“ဆိုရှယ်ဒီမိုကရက်တစ် အမတ်တွေဟာ လွှတ်တော်ထဲမှာ အကြီးမားဆုံး ပါတီအုပ်စုအနေနဲ့ ရှိနေပါတယ်။ ကျမတို့မှာ တခြားသူ တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အစဉ်အလာ ရှိထားပါတယ်။ ဒါကြောင့် ဆွီဒင်ကို ရှေ့ရောက်အောင် လုပ်ဆောင်ဖို့ အသင့်ရှိနေ ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အန်ဒါဆင်သည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ဆွီဒင်၏ အားအပျော့ဆုံး အစိုးရများထဲမှ တစ်ခုကို ဦးဆောင်ရမည် ဖြစ် သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များကလည်း ဆွီဒင်နိုင်ငံ ရေး မတည်ငြိမ်ခဲ့သည့် အဓိကအကြောင်းမှာ ဘတ်ဂျက်ကိစ္စပင် ဖြစ် သည်။

လွှတ်တော်သည် ပြီးခဲ့သည့် သီတင်းပတ်က အတိုက်အခံများဘက်မှ တင်ပြလာသော ဘတ်ဂျက်ပြင်ဆင်ရေးမူကို အစိုးရ၏ အသုံးစရိတ် အစီအစဉ်များအနေဖြင့် ပြန်လည်ပြင်ဆင်ပေးခဲ့သည်။

ဆိုရှယ်ဒီမိုကရက်တစ်များသည် ဆွီဒင်ဒီမိုကရက်တစ်အုပ်စုများအပေါ် မူဝါဒလွှမ်းမိုးမှုမှ ထိန်းထားလိုသော ဆန္ဒအနည်းငယ်ရှိ ပြီး အင်အား လျော့ပါးသော်လည်း စည်းလုံးစွာ ထောက်ခံသော ပါတီများအနေဖြင့် ၂၀၁၄ ခုနှစ်ကတည်းက ဆွီဒင်နိုင်ငံရေး တွင် အောင်မြင်မှု ရခဲ့ကြသည်။

Source: Aljazeera