CNI International News
ဟနွိုင်း၊ ဒီဇင်ဘာ ၁၉
ဗီယက်နမ်နိုင်ငံသည် ပြည်တွင်းစက်မှုလုပ်ငန်းကို မြှင့်တင်ရန်နှင့် လက်နက်များ တင်ပို့ရောင်းချရန် ကြိုးပမ်းနေ ချိန်မှာပဲ ဒီဇင်ဘာ ၁၉ ရက်၌ ဟနွိုင်း (Hanoi) မြို့တော်မှာ ပြုလုပ်မည့် နိုင်ငံတကာလက်နက်ပြပွဲတွင် ပြည်တွင်း လုပ် လက်နက်များကို ချပြသွားမည်ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုလက်နက်ပြပွဲကို အစ္စရေး၊ အီရန်၊ ရုရှား၊ ယူကရိန်းကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားနေသည့် နိုင်ငံများနှင့် အမေရိကန်၊ ဥရောပ၊ တူရကီတို့ အပါအဝင် ထိပ်သီးကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ ၂၅၀ နီးပါက ပါဝင်မည်ဖြစ် သည်။
ဗီယက်နမ်သည် အရှေ့တောင်အာရှတွင် လက်နက်များ အဓိက ဝယ်ယူနေသည့် နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် နှစ်များ အတွင်း ကာကွယ်ရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားမှုများကြောင့် ဒေသတွင်း မတည်မငြိမ် ဖြစ်နေချိန်၌ ထိုကဲ့သို့ ကာကွယ်ရေးကဏ္ဍကို မြှင့်တင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်တွင်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းကိုလည်း မြှင့်တင်ခဲ့ပြီး စစ်သုံးပစ္စည်းများ တင်ပို့ ရောင်းချမှုကိုလည်း ဦးစားပေး လုပ်ဆောင်နေကြောင်း ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန၏ အရာရှိများက ပြောကြားခဲ့သည်။
လက်နက်ပြပွဲကို တွေ့ရစဉ်
ဗီယက်နမ်နိုင်ငံပိုင် Viettel ကုမ္ပဏီနှင့် အခြား ပြည်တွင်း ကာကွယ်ရေးကုမ္ပဏီများသည် နိုင်ငံတကာ လက်နက်ပြ ပွဲအတွင်း ဒုံးကျည်ကာကွယ်ရေးစနစ်များ၊ ဒရုန်းများ၊ လေကြောင်းကာကွယ်ရေး ရေဒါများ၊ ကျည်ကာကားများ၊ လက်နက်ကြီးများကို ပြသမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
ထိုလက်နက်များထဲမှ အချို့ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်စ်တက္ကသိုလ်မှ ဗီယက်နမ်အရေးကျွမ်းကျင်သူ ငုယင်သီဖွန် (Nguyen The Phuong) က ပြောကြားခဲ့သည်။
ထို့ပြင် ပြည်တွင်းကုမ္ပဏီများသည် ပြည်ပ လက်နက်တင်ပို့ ရောင်းချရေးကုမ္ပဏီများနှင့်လည်း သဘောတူညီချက် များ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ဗီယက်နမ်နှင့် ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်ရောင်းချရေးဆိုင်ရာ သဘောတူညီချက်များကို တောင်ကိုရီးယား၊ ချက်နှင့် အခြားနိုင်ငံများမှ ကုမ္ပဏီများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ငုယင်သီဖွန် က ပြောကြားခဲ့သည်။
Source: ရိုက်တာ