CNI International News

အမ်မန်၊ ဒီဇင်ဘာ ၉

ဆီးရီးယားနိုင်ငံတွင် သူပုန်များက ဒီဇင်ဘာ ၇ ရက်၌ ဒမတ်စကတ် (Damascus) မြို့တော်ကို စီးနင်းထိန်းချုပ် ခဲ့ပြီးနောက် သမ္မတအာဆတ် (Bashar al-Assad) ကို ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အာဆတ်သည် နိုင်ငံအတွင်းမှ ထွက်ပြေးသွားမှုနှင့်အတူ ၎င်းတို့မိသားစု တစ်စုတည်းက ဆီးရီးယားကို ဆယ်စုနှစ် များစွာကြာ အုပ်ချုပ်ခဲ့သည့် နိုင်ငံရေးဖြစ်စဉ်သည် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

အရှေ့အလယ်ပိုင်းကို လှုပ်ခတ်သွားစေခဲ့သည့် ဆီးရီးယားပြည်တွင်းစ-စ်ပွဲ ၁၃ နှစ်ကျော်ကြား ဖြစ်ပွားခဲ့ပြီးနောက် အာဆတ်၏ အာဏာသက်တမ်းလည်း တစ်ခန်းရပ်သွားခဲ့ခြင်းဖြစ်သည်။

သူပုန်များသည် ဒမတ်စကတ်မြို့တော်ကို သိမ်း-ပိုက်ခဲ့ပြီးနောက် အီရန်သံရုံးကို ဝင်ရောက် စီး-နင်းခဲ့ကြောင်း အီရန်၏ Press TV သတင်းဌာနက ဖော်ပြခဲ့သည်။

ဆီးရီးယားစစ်တပ်ကလည်း အာဆတ်၏ အုပ်ချုပ်မှု အဆုံးသ-တ်သွားပြီဖြစ်ကြောင်း အရာရှိများကို အသိပေးခဲ့ပြီး ဟာမာ (Hama) နှင့် ဟုမ်းစ် (Homs) မြို့များရှိ အကြမ်းဖက် အဖွဲ့များကို ဆင်နွှဲနေသည့် စ-စ်ဆင်ရေးကို ဆက်လက် ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားရှိ အီရန်သံရုံးကိုတွေ့ရစဉ်

သူပုန်များ၏ စီး-နင်းတိုက်-ခိုက်မှုများ စတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက အာဆတ်သည် လူမြင်ကွင်းသို့ ထွက်ပေါ်ခဲ့ခြင်းမရှိဘဲ ဒမတ်စကတ်မြို့တော်မှ ဒီဇင်ဘာ ၈ ရက် နံနက်အစောပိုင်းတွင် ထွက်ခွာ သွားခဲ့ခြင်းဖြစ်ကြောင်း ထိပ်သီးစစ်တပ်အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။

အာဆတ် အပါအဝင် ၎င်း၏ ဇနီးဖြစ်သူ အက်စ်မာ (Asma) နှင့် ၎င်းတို့၏ ကလေးနှစ်ဦးသည်လည်း မည်သည့် နေရာသို့ ရောက်ရှိနေကြောင်း ရှင်းလင်းစွာ မသိရသေးပေ။

ဆီးရီးယားသူပုန် ညွန့်ပေါင်းအဖွဲ့ကမူ ဆီးရီးယားတွင် အာဏာလွှဲပြောင်းရေးကို အပြီးသ-တ် လုပ်ဆောင်ပြီး ကြားဖြတ်အစိုးရ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူပုန်များက ဒမတ်စကတ်မြို့တော်ကို ထိန်းချုပ်ကြောင်း ကြေညာချိန်တွင် မြို့တော်အတွင်း နေထိုင်သူများသည် လမ်းများပေါ်ထွက်ကာ အောင်ပွဲခံခဲ့ကြသည်။

Source: ရိုက်တာ