CNI International News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲက ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်း မိန့်ခွန်း ပြောကြားစဉ် စစ်အုပ်ချုပ်ရေး ကြေညာ လိုက်ကြောင်း CNA သတင်းဌာနမှ ဖော်ပြခဲ့သည်။

“နိုင်ငံတော် ဆန့်ကျင်ရေး အစိတ်အပိုင်းများ” နှင့် “မြောက်ကိုရီးယား ကွန်မြူနစ် အင်အားစုများ၏ ခြိမ်းခြောက်မှုများ” ကို ကိုးကား၍ အတိုက်အခံ ပါတီများက တိုင်းပြည်ကို အကျပ်အတည်းထဲသို့ တွန်းပို့ရန် ကြိုးပမ်းနေသည်ဟု သမ္မတယွန်းဆော့ရွဲက စွပ်စွဲခဲ့သည်။