CNI International News

တိုင်ပေ၊ စက်တင်ဘာ ၉

ထိုင်ဝမ်၏ တန်းပြည့်စစ်မှုထမ်း အရေအတွက် လျော့ကျလာခြင်းသည် စိုးရိမ်စရာကောင်းပြီး ခြိမ်းခြောက်မှုများ ပြင်းထန်လာချိန်တွင် စစ်ပွဲအတွက် အသင့်အနေအထားရှိမှုအပေါ် ထိခိုက်စေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့ကြောင်း SCMP မှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်သွင်းသည့် တန်းပြည့်စစ်မှုထမ်း အရေအတွက်သည် လာမည့်နှစ်တွင် ၁၆၀,၈၀၀ အထိ လျော့ကျဖွယ်ရှိနေပြီး ထိုအရေအတွက်သည် ၂၀၂၃ ခုနှစ်မှ ၃ ရာခိုင်နှုန်း လျော့ကျခြင်းဖြစ်ကြောင်း ထိုင်ဝမ်မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်နေချိန်တွင် ထိုသို့ တန်းပြည့်စစ်မှုထမ်း အရေအတွက် လျော့ကျမှုသည် စစ်တပ် အလုပ်အကိုင်များ နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဝေဖန်ခဲ့သည်။

စေတနာ့ဝန်ထမ်း စစ်သားများနှင့် အမျိုးသားသီးသန့် အရန်တပ်သားများဖြင့် ဖွဲ့စည်းထားသည့် ထိုင်ဝမ်စစ်တပ် သည် တစ်ချိန်က စစ်တပ်အတွင်း စေတနာ့ဝန်ထမ်းစနစ်ဖြင့် စစ်မှုထမ်းသည့်ပုံစံကို ပြောင်းလဲရန် ကြိုးပမ်းခဲ့ဖူး သည်။

ထို့နောက် ၂၀၀၀ ပြည့်နှစ်မှစပြီး မဖြစ်မနေ စစ်မှုထမ်းဆောင်ရမည့် ကာလကို တဖြည်းဖြည်း လျှော့ချလာခဲ့ကာ စစ်မှုထမ်းကာလ ၂ နှစ်မှ ၁ နှစ်၊ ထို့နောက် ၂၀၁၃ ခုနှစ်တွင် ၄ လအထိ လျှော့ချခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးကိုတွေ့ရစဉ်

သို့သော် တရုတ်ပြည်မကြီး၏ မြင့်တက်လာသည့် စစ်ရေးဖိအားများနှင့် စစ်တပ်အင်အား လျော့နည်းလာသည့် အခြေအနေများကြောင့် ယခုနှစ် ဇန်နဝါရီလထဲတွင် စစ်မှုထမ်းကာလကို ၁ နှစ်အဖြစ် ပြန်လည်သတ်မှတ်ခဲ့သည်။

ယခင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) က တရုတ်၏ ဗိုလ်ကျစိုးမိုးသည့် လှုပ်ရှားမှုများ ပိုမိုမြင့်တက် လာသဖြင့် စစ်ပွဲအတွက် အသင့်အနေအထားရှိမှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ၂၀၂၃ ခုနှစ်အတွင်း စေတနာ့ဝန်ထမ်း စစ်မှုထမ်း အရေအတွက်သည် ၂၀၂၂ ခုနှစ်မှ စတင်ပြီး လျော့ကျလာ ခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ၁၅၅,၂၁၈ ဦး (၂ ဒသမ ၆ ရာခိုင်နှုန်း) လျော့ကျခဲ့သည်ဟု Taipei Times မှ ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ်အတွက် အတည်ပြုထားသည့် စစ်မှုထမ်း အရေအတွက်ကိုမူ လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပေ။

Source: SCMP