နယူးယောက်၊ နိုဝင်ဘာ ၁၈

လွန်ခဲ့သော ဆယ်စုနှစ် ၆ ခုနီးပါး အမေရိကန်နိုင်ငံမှ တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံသားအခွင့်အရေးရှေ့နေဖြစ်သူ လူမည်း ခေါင်းဆောင် မယ်ကွန်အိတ်စ် (Malcom X) ကို သေနတ်နှင့်ပစ်ခတ်လုပ်ကြံမှုဖြင့် ပြစ်ဒဏ်ချမှတ်ထားခံရသူ အမျိုးသားနှစ်ဦးသည် ၎င်းတို့အပေါ်ချမှတ်ထားသော ပြစ်ဒဏ်များမှ ကင်းစင်သွားပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသား ဖော်ပြသည်။

နယူးယောက်မြို့ ဥပဒေစိုးမိုးရေး ထိပ်တန်း အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသား ဖော်ပြခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံတွင် နိုင်ငံသား အခွင့်အရေး လှုပ်ရှားကြသည့်ခေတ်က အငြင်းပွားဖွယ် အကောင်းဆုံးနှင့် ဆွဲဆောင်မှု အရှိဆုံး ပုဂ္ဂိုလ်ထဲမှ တစ်ဦးဖြစ်သည့် မယ်ကွန်အိတ်စ်သည် အစ္စလာမ်နိုင်ငံတော်၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ကျော်ကြားလာခဲ့ပြီး ထိုစဉ်က လူမည်းမွတ်စလင်အဖွဲ့အစည်း၏ သတင်းစကားကို သယ်ဆောင်ပေးခဲ့သည်။

လူမျိုးရေး ခွဲခြားမှုဝါဒသည် မိမိအနေဖြင့် လက်တွေ့ အကောင်အထည်ဖော်ရန် လမ်းစတစ်ခုအဖြစ် မယ်ကွန်အိတ်စ်က ကြွေးကြော်ခဲ့သည်။ လူမည်းများအနေဖြင့် မည်သည့်နည်းဖြင့်မဆို နိုင်ငံသားအခွင့်အရေး တောင်းကြဆိုရန် ၎င်းက ကျယ် လောင်စွာ တိုက်တွန်းပေးခဲ့သည်။

၁၉၆၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်၌ နယူးယောက်မြို့တော်တွင် မယ်ကွန်အိတ်စ် သေနတ်ဖြင့် ပစ်သတ်မခံရမီ ၁၉၆၄ ခုနှစ် အထိ အစ္စလာမ် အစိတ်အပိုင်းတစ်ခုကို ဆယ်စုနှစ်တစ်ခုကြာ တည်ဆောက်ပေးနိုင်ခဲ့သည်။

ပုံ- မန်ဟက်တန်ခရိုင်ရှေ့နေ ဆိုင်းရပ်စ် အာရ်ဗန့်စ်ဂျူနီယာကိုတွေ့ရစဉ်။(AP)

လုပ်ကြံသတ်ဖြတ်ခံရမှုအပြီး ၁၉၆၆ ခုနှစ်၊ မတ်လတွင် လူသတ်တရားခံများအဖြစ် တေးမက်ဟေရာနှင့် သောမတ်ဟာဂန် တို့ကို သေဒဏ်စီရင်ခဲ့ပြီး အဇစ်၊ အစ္စလာမ်နှင့် တတိယလူဖြစ်သူ မူဂျာဟစ် အဗ္ဗဒူဟာလမ်တို့ကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခဲ့သည်။

ယခုကာလ၌ မူလရာဇဝတ်မှုကို မန်ဟက်တန်စုံစမ်းရေးလုပ်ငန်းအနေဖြင့် အစိုးရရှေ့နေများက ဆောင်ရွက်နေကြပြီး တရား သူကြီးများထံမှ အခြား အထောက်အထားများလည်း ရရှိထားသဖြင့် အဇစ်နှင့် အစ္စလာမ်တို့ကို တရားသေ လွှတ်ပေးရေး ဦးတည် သွားဖွယ်ရှိကြောင်း သိရသည်။

“ဒါဟာ အလွန်ဆိုးဝါးတဲ့ တရားဝင်လုပ်ခွင့်ပေးခဲ့တဲ့ အကျင့်ပျက်ခြစားမှု ရလဒ်ပါပဲ” ဟု ရှေ့နေတစ်ဦးဖြစ်သူ ဒီဘောရက်ဖရန် ကွိုက်စ်က တိုင်းမ်မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

အပြစ်ကင်းစင်မှု စီမံချက်အပေါ်  အရပ်သား အခွင့်အရေး ရှေ့နေများနှင့်အတူ ထိုအမှုကို နှစ်ရှည်လများ ပြန်လည် စုံစမ်းစစ် ဆေး ပြီးနောက် “ဒီလူတွေဟာ သူတို့ရသင့်ရထိုက်တဲ့ တရားမျှတမှုကို မရခဲ့ကြဘူး”ဟု မန်ဟက်တန်ခရိုင်ရှေ့နေ ဆိုင်းရပ်စ် အာရ်ဗန့်စ်ဂျူနီယာက နယူးယောက်တိုင်းမ် သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၇ ရက်တွင် ဗင်းစ်က “လူနှစ်ယောက်အပေါ် မှားယွင်းစွာ ချမှတ်ထားသော ပြစ်ဒဏ်များ ကျနော်တို့ ဖယ်ရှားသွား မည်။ မနက်ဖြန် ပိုသိရမည်” ဟု တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

Source: Aljazeera