CNI International News

မော်စကို၊ ဇူလိုင် ၁၁

အိန္ဒိယအနေဖြင့် ယူကရိန်းပဋိပက္ခအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို ထောက်ခံကြောင်းနှင့် ထိုလုပ်ငန်းစဉ်ကို ဖြစ်မြောက်စေရန် အသင့်ရှိကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) က ပြောကြားခဲ့သည်ဟု တာ့စ် သတင်းဌာနက ဖော်ပြခဲ့သည်။ 

ကရင်မလင်တွင် ရုရှားနှင့် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့များ၏ တရားဝင် ဆွေးနွေးပွဲမတိုင်မီ မိုဒီက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပဋိပက္ခကို ဖြေရှင်းဖို့ ဘယ်လိုပဲလုပ်ရလုပ်ရ ကျနော်တို့ဘက်က အသင့်ပါပဲ" ဟု မိုဒီက ပြောကြားခဲ့သည်။

မိုဒီနဲ့ပူတင်ကို တွေ့ရစဉ်

ထို့နောက် ဇူလိုင် ၈ ရက်က မော်စကိုတွင် ရုရှားသမ္မတ ပူတင်(Vladimir Putin) နှင့် အလွတ်သဘော တွေ့ဆုံခဲ့ ချိန်၌ ငြိမ်းချမ်းရေးကို အမြန်ဆုံး ထူထောင်သင့်ကြောင်း ခေါင်းဆောင်နှစ်ဦးစလုံးက သဘောတူညီခဲ့ကြသည်။

ကမ္ဘာပေါ်ရှိ မည်သည့် ပဋိပက္ခကိုမဆို ငြိမ်းချမ်းသည့် ရည်ရွယ်ချက်နှင့်အတူ ဆွေးနွေးပွဲများဖြင့်သာ ဖြေရှင်း နိုင်လိမ့်မည်ဟု အိန္ဒိယက ယုံကြည်ကြောင်း၊ ဒုံးကျည်များ၊ အမြောက်ဆန်များနှင့် သေနတ်များသည် ပြဿနာကို မဖြေရှင်းနိုင်ကြောင်း၊ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ကြောင်း မိုဒီက ပြောကြားခဲ့သည်။

"မျိုးဆက်သစ်တွေရဲ့ အနာဂတ် တောက်ပဖို့အတွက် ငြိမ်းချမ်းရေး လိုအပ်ပါတယ်" ဟု မိုဒီက ပြောကြားခဲ့သည်။

Source: တာ့စ်