၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အလိုတော်ပြည့်လူမှုကယ်ဆယ်ရေးစခန်းသို့ ဂျပန်နိုင်ငံ၏ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ ယနေ့ (နိုဝင်ဘာ ၁၅ ရက်)တွင် သွားရောက်၍ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေ့ဆုံ စကားပြောခဲ့သည်။
ထို့နောက် ဘင်္ဂါလီဒုက္ခသည် စခန်းတစ်ခုကိုလည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေ့လယ် ၃ နာရီတွင် စစ်တွေမြို့မှာ မစ္စတာ ဆာဆာကာဝါနှင့် ရခိုင်အမျိုးသားပါတီ(ANP)တို့ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။