CNI International News
ထရီပိုလီ၊ နိုဝင်ဘာ ၁၄
ကွယ်လွန်သူ လစ်ဗျားအာဏာရှင်ဟောင်း ဗိုလ်မှူးကြီး မိုမာကဒါဖီ၏ သားဖြစ်သူသည် လာမည့်ဒီဇင်ဘာလတွင် လစ်ဗျား သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းသွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းကို ကိုးကားလျက် စီအင်န်အင်န်က ရေးသားဖော်ပြသည်။
၎င်းသည် အာရပ်နွေဦးခေါင်းစီးအောက်၌ ဖခင်ဖြစ်သူ ဖြုတ်ချသုတ်သင်ခံရပြီးနောက် လစ်ဗျားပြည်တွင်းရေး နှစ်ပေါင်းများစွာ ကမောက်ကမဖြစ်မှုများကို အဆုံးသတ်ရန် စီစဉ်နေသည့် ဒီဇင်ဘာရွေးကောက်ပွဲ၌ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အသက် ၄၆ နှစ် ရှိပြီဖြစ်သည့် ဆစ်ဖ်အယ်လ်အစ္စလာမ်ကဒါဖီသည် ရိုးရာအညိုရောင်ဝတ်ရုံနှင့် မီးခိုးရောင် မုတ်ဆိပ်မွေး၊ မျက်မှန်တပ်ဆင်ထားလျက် ဗီဒီယိုဖိုင်တစ်ခုတွင် ပေါ်ထွက်လာခဲ့ပြီး လစ်ဗျားနိုင်ငံ၊ ဆာဘားမြို့ရှိ ရွေးကောက်ပွဲ မှတ်တင်ပုံ ဌာန၌ စာရွက်စာတမ်းများကို ၎င်းက လက်မှတ်ရေးထိုးနေပုံကို တွေ့ရှိရသည်။
ဆစ်ဖ်အယ်လ်ကဒါဖီသည် အထင်ရှားဆုံးနှင့် အငြင်းပွားဖွယ် ပိုင်ဆိုင်မှု ကိန်းဂဏန်းများ ရှိနေသူဖြစ်ပြီး ၎င်းနည်းတူ သမ္မတ နေရာ ဝင်အရွေးခံရန် တင်သွင်းထားသည့်စာရင်းတွင် လစ်ဗျားအရှေ့ပိုင်း စစ်ဒေသတပ်မှူး ခလီဇာဟက်ဖာ၊ ဝန်ကြီးချုပ် အဗ္ဗဒူဟာမစ်အယ်လ်ဒီဘိုင်းဒက်နှင့် လွှတ်တော်ဥက္ကဋ္ဌ အဂွီလာစလက်တို့လည်း ပါဝင်ကြသည်။
ပုံ- ဆက်ဖ်ဘယ်လ်ကဒါဖီကို တွေ့ရစဉ်(AFP)
သို့သော် ၎င်း၏အမည်သည် လစ်ဗျားတွင် အကျော်ကြားဆုံးဖြစ်ပြီး ၂၀၁၁ ခုနှစ်က အမေရိကန်ဦးဆောင်သော နေတိုး မဟာ မိတ်တို့၏ ကျောထောက်နောက်ခံဖြင့် အာရပ်နွေဦး လူထုအုံကြွမှု မတိုင်မီအထိ လစ်ဗျားနိုင်ငံ၏ မူဝါဒကို ပုံဖော်ရာ၌ ဖခင်နှင့် အတူ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ဖူးသော်လည်း ၎င်းတို့မိသားစု လိုသလို ခြယ်လှယ်သော အစိုးရတစ်ရပ် ဖျက်ဆီးခံရသည် မှာ ဆယ်စုနှစ်တစ်ခုမျှသာ ရှိသေးသည်။
လစ်ဗျားပြည်တွင်း၌ နိုင်ငံရေးနှင့်ပတ်သက်သည့် စည်းမျဉ်းသတ်မှတ်ချက်များ ရှုပ်ထွေးနေဆဲဖြစ်ပြီး ကဒါဖီ မိသားစုဝင် တစ်ဦးအနေဖြင့် ရွေးကောက်ပွဲဝင်ရာ၌ အချို့မဲဆန္ဒနယ်များတွင် လက်ခံနိုင်ဖွယ် မရှိဟုလည်း ရှုမြင်သုံးသပ်နေကြသည်။
ဆက်ဖ်အယ်လ်ကဒါဖီနှင့် အခြားအစိုးရဟောင်း ထိပ်တန်းအရာရှိများသည် အာဏာစွန့်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ၎င်းတို့၏ခါးသီးသော အာဏာရှင်စနစ်ကို လစ်ဗျားနိုင်ငံသား အများအပြားက မေ့ပျောက်လို့ မရသေးပေ။
အာဏာရှင် မိုမာကဒါဖီကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ၌ အတိုက်အခံ တော်လှန်ရေးအင်အားစုများက ၎င်း၏မွေးရပ် ဇာတိ မြို့ ဆာတီအပြင်ဘက်ရှိ သဲမုန်တိုင်းခိုလှုံရာ လိုဏ်ခေါင်းတစ်ခုတွင် ဖမ်းဆီးခဲ့ပြီး အနီးကပ် ပစ်သတ်ခြင်း ခံခဲ့ရသည်။
ထို့နောက် ဆက်ဖ်အယ်လ်ကဒါဖီက လစ်ဗျားမှ ထွက်ပြေးရန် ကြိုးစားနေစဉ် ရက်ပိုင်းအတွင်း တောင်ထူထပ်သော ဇင်တန် ဒေသ၌ ဖမ်းဆီးခံခဲ့ရသည်။သို့သော် မကြာသေးခင် လများအတွင်းက သူ့ကို ပြန်လွတ်ပေးခဲ့သည်။
Source: Reuters, CNN