CNI International News

တိုင်ပေ၊ ဇွန်လ ၂၇

တရုတ်ပြည်မကြီးအစိုးရနှင့် ထိုင်ဝမ်ကြား တင်းမာမှုများ ပိုမိုမြင့်တက်လာချိန်တွင် ထိုင်ဝမ်ကျွန်းအနီး၌ ဇွန်လ ၂၅ ရက်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ လေယာဉ် ၁၇ စင်းနှင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်-ရေတပ်(PLAN)၏ သင်္ဘော ၈ စင်းတို့ ကျူးကျော်ဝင်ရောက် လာခဲ့သည်ဟု ထိုင်ဝမ်မှ ထုတ်ပြန်ခဲ့ ကြောင်း The Print သတင်းတွင် ဖော်ပြခဲ့သည်။

အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တရုတ်လေယာဉ် ၁၀ စင်းသည် ထိုင်ဝမ် အနောက် တောင်ပိုင်း လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်(ADIZ)အတွင်းသို့ ဝင်ရောက်လာခဲ့သည့်အတွက် ထိုင်ဝမ် တပ်မတော်က တုန့်ပြန်မှုတစ်ရပ် ဆောင်ရွက်ခဲ့ရသည်ဟု ဆိုသည်။

ထိုအခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ထိုင်ဝမ်၏ လေကြောင်းနှင့် ရေပိုင်နက်အနီး တရုတ်စစ်တပ် ပိုင်ဆိုင်မှုများ တည်ရှိနေခြင်းကို သင့်လျော်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက လူမှုမီဒီယာ X တွင် ထုတ်ပြန်ခဲ့သည်။

ထိုအခြေအနေသည် အချုပ်အခြာအာဏာနှင့် ဒေသတွင်း လုံခြုံရေးပြဿနာများ ဖြစ်ပွားနေသည့် တရုတ်ပြည်မ ကြီးနှင့်ထိုင်ဝမ်ကြား လက်ရှိဖြစ်ပွားနေသော တင်းမာမှုများကို ပိုမိုထင်ဟပ်လာစေခဲ့သည်။

ထိုင်ဝမ်ပြည်သူတစ်ဦးကိုတွေ့ရစဉ်

ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် တရုတ်ပြည်မကြီး၏ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများ ပိုမိုမြင့်တက် လာစဉ်အတွင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်ဝမ်၏ ပိုင်နက်နယ်မြေ တည်ငြိမ်မှုကို ကာကွယ်ရန်နှင့် ဒေသတွင်း တည်ငြိမ်မှုအား ထိန်းသိမ်းနိုင်ရန်အတွက် ကာကွယ်သွားမည်ဟု ထိုင်ဝမ်၏ ကတိကဝတ်ကို ထပ်လောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အနီးတွင် PLA လေယာဉ်များနှင့် PLAN သင်္ဘောများ တည်ရှိမှုသည် အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသ အတွင်း လက်ရှိ ပထဝီဝင်နိုင်ငံရေး တင်းမာမှုများတွင် နိုင်ငံတကာ၏ စိုးရိမ်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။

အမေရိကန်နှင့် အခြားဒေသဆိုင်ရာ မဟာမိတ်များက အခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး ထိုင်ဝမ် ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ထိန်းသိမ်းရန် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ သည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလကတည်းက တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ပွဲနှင့် ငြိမ်းချမ်းရေးကြား ရေရာမှုမရှိသည့် နည်းဗျူဟာများကို(grey zone tactics) ချဉ်းကပ်လုပ်ဆောင်ခဲ့သည်။

Source: The Print