CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီ များအစုအဖွဲ့၏ အလုပ်အဖွဲ့များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရ သော အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို နေပြည်တော်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့များက ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသော အချက်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အထွေထွေ ဆွေးနွေး ချက်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ၂ ရပ်တာ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ အစုအဖွဲ့က ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင်၊ ဦးစိုင်း အိုက်ပေါင်း၊ ဦးအောင်မြတ်ဦးတို့က ဦးဆောင်တက်ရောက်ခဲ့ပြီး NSPNC ဘက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင် တို့ တက်ရောက်ခဲ့ကြသည်။

နိုင်ငံရေးပါတီ အစုအဖွဲ့၏ အလုပ်အဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ မှတ်ပုံတင်ခွင့် ကျထား သော နိုင်ငံရေးပါတီ ၄၇ ပါတီထဲကနေ ရွေးချယ်ထားခြင်းဖြစ်သည်။ အဆိုပါ ရွေးချယ်ပွဲကို ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များက ရန်ကုန်မြို့မှာ ကျင်းပခဲ့ခြင်း ဖြစ်သည်။