CNI News
 ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃

ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင်လုပ်ပြီး တရားမဝင် နိုင်ငံခြားငွေ အရောင်းအဝယ် ပြုလုပ်နေသူများနှင့် ပွဲစားများ အပါအဝင် စုစုပေါင်း တရားခံ ၁၄ ဦးကို ဖမ်းဆီးခဲ့သည်ဟု နစက-က ဇွန်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ပြည်တွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသော တရားခံ ၁၁ ဦးသည် ထွက်ပြေးတိမ်းရှောင်နေ၍ နစက-က ဖမ်းဝရမ်း ထုတ်ခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေသူများမှာ Perfect Green Money Changer မှ ဘညွန့်၊ Sun Flower Money Changer မှ ဝဏ္ဏထွန်း၊ ခရမ်းသုံးခွရွှေဆိုင်နှင့် တရားမဝင် နိုင်ငံခြားငွေ ရောင်းချသူ သက်နောင်ဝင်း၊ တရား မဝင် နိုင်ငံခြားငွေ ရောင်းချသူများဖြစ်သည့် လှမင်း၊ အွတ်စမန်(ခ)ဂျက်၊ တင်ကိုဦး(ခ)ဂျွန်၊ သန်းထွန်းအောင်၊ ရဲကို(ခ) ဝေမင်းခေါင်၊ ရဲမင်းအောင်နှင့် ပွဲစား အိအိကျော်(ခ)မဝါ၊ တင်ကျော်ကျော်(ခ) အာနိုးတို့ ဖြစ်သည်။

ထို့နောက် နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် လုပ်သူ ဖမ်းဆီးရမိထားသော ၁၄ ဦးကို ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွးမည်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။