CNI International News

ဘန်ကောက်၊ မတ် ၄ 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thiksin Shinawatra) သည် ထိုင်းနိုင်ငံရေးလောကတွင် လက်ရှိ ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) နှင့် အတိုက်အခံ Move Forward ပါတီ (MFP) ၏ အကြံပေး ပုဂ္ဂိုလ် ပီတာ လင်မ်ဂျာရွတ်ရတ် (Pita Limjaroenrat) တို့ထက် ကျော်လွန်ပြီး ဩဇာလွှမ်းမိုးမှု အရှိဆုံးပုဂ္ဂိုလ် အဖြစ် ရပ်တည်နေသည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ထိုင်း၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်ရေး အင်စတီကျူ (NIDA) သည် ထိုင်းနိုင်ငံရေးလောကတွင် ဩဇာ လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်ကို ရွေးချယ်ရန် အသက် ၁၈ နှစ်နှင့်အထက် ထိုင်းနိုင်ငံသားမျာကို ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၉ ရက်ကြား စစ်တမ်းကောက်ယူခဲ့သည်။

သက်ဆင်နဲ့ သမီးဖြစ်သူ ပေတုန်တန်တို့ကို တွေ့ရစဉ်

ထိုစစ်တမ်း၌ ပါဝင်ဖြေဆိုသူ ၄၂ ဒသမ ၉၀ ရာခိုင်နှုန်းက သက်ဆင်ကို ရွေးချယ်ခဲ့ကြပြီး ၂၁ ဒသမ ၉၁ ရာခိုင်နှုန်း က လက်ရှိဝန်ကြီးချုပ် ဆရီသာ၊ ၁၇ ရာခိုင်နှုန်းက ပီတာ၊ ၁၅ ဒသမ ၁၁ ရာခိုင်နှုန်းက ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) ၊ ၉ ဒသမ ၀၁ ရာခိုင်နှုန်းက သက်ဆင်၏ သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra)၊  ၆ ဒသမ ၁၁ ရာခိုင်နှုန်းက ဗိုလ်ချုပ်ကြီး ပရာယွတ် ဝေါင်ဆူဝမ် (Prawit Wongsuwan) ကို ရွေးချယ်ခဲ့ကြပြီး ကျန် ၁၀ ဒသမ ၁၅ ရာခိုင်နှုန်းကမူ မည်သူ့ကိုမှ ရွေးချယ်ခြင်းမရှိခဲ့ပေ။

မည်သည့် နိုင်ငံရေးသမားက ကိုယ်ချင်းစာတရား အရှိဆုံးဖြစ်သည်ကို မေးမြန်းချိန်တွင် ၄၆ ဒသမ ၇၉ ရာခိုင်နှုန်း က ပီတာကို ရွေးချယ်ခဲ့ကြပြီး ၎င်း၏နောက်တွင် Future Forward ပါတီ ခေါင်းဆောင်ဟောင်း သာနာသွန်း ဂျူအန်ရွန်းဂရူအန်ကစ် (Thanathorn Juangroongruangkit) ၊ ဆရီသာ ၊ ပရာယွတ်နှင့် သက်ဆင်တို့ကို အစဉ်လိုက် ရွေးချယ်ခဲ့ကြသည်။

Source: Thai PBS World