CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ဆီမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)သည် စစ်သင်တန်းများ တက်ရောက် သင်ကြားနေသော ပုံရိပ်များကို တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။

MLA သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး စစ်သင်တန်း အပတ်စဉ်(၁-၂)ကို TNLA ထံမှာ တက်ရောက် သင်ယူခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

TNLA မှာ စစ်သင်တန်းတက်နေတဲ့ MLA တပ်ဖွဲ့ကို တွေ့ရစဉ်

လက်ရှိ မွန်လက်နက်ကိုင်များအဖြင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ မွန်ပြည်သစ်ပါတီ-ခွဲထွက်(NMSP-AD) အပါအဝင် Local PDF များအနေဖြင့်လည်း လှုပ်ရှားလျက်ရှိနေကြ သည်။

ထိုအထဲတွင် မွန်ပြည်သစ်ပါတီ(NMSP)သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတိုင်း လျှောက်လှမ်းလျက်ရှိပြီး ကျန် မွန်လက်နက် ကိုင်များကတော့ မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး တိုက်ခိုက်မှုများ ပြုလုပ်ရန်ပြင်ဆင်လျက်ရှိသည်။