နယူးယောက်၊နိုဝင်ဘာ ၃

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော်ဝန်သစ်အဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့သူ လူမည်းရဲမှူးဟောင်း အဲရစ်အဒမ်သည် နိုဝင်ဘာ ၂ ရက်က ပြိုင်ဘက်များကို အလွယ်တကူအနိုင်ရသွားခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန်နိုင်ငံ၏အကြီးဆုံးမြို့တွင် ဒုတိယမြောက်လူမည်းမြို့တော်ဝန်ဖြစ်လာသူ အဲရစ်အဒမ်သည် တရား ဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များကို သဘောထားပျော့ပျောင်းစွာ ရပ် တည်ပေးတတ်ပြီး ယခုနှစ်နွေရာသီတွင် လူကြိုက်များနေသော ဒီမိုကရက်တစ်ပါတီ၏အခြေခံအဆင့် ရွေးချယ်ခံမှုတွင် ပထမဆုံး အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်ဟု အေပီသတင်းတွင် ဆက်လက်ရေးသားထားသည်။

ရာဇဝတ်မှုဆိုင်ရာ သတင်းတည်ဆောက်ပုံနှင့် ရဲအရာရှိတစ်ဦးအဖြစ် အတွေ့အကြုံရှိခဲ့သည့် အဲရစ်အဒမ်သည် ဂါးဒီးယန်းအိန်ဂျယ်အမည်ရှိ နိုင်ငံတကာအဖွဲ့တည်ထောင်သူနှင့် ရီဗက်ဘလီကန်ပါတီဝင် ကားတစ်စလီဝါကို ရေကုန်ရေခမ်းယှဉ်ပြိုင်ခဲ့ရသော်လည်း လွယ်လင့်တကူအနိုင်ရခဲ့သည်။

အဲရစ်အဒမ်သည် ငယ်ရွယ်စဉ်ဆယ်ကျော်သက်အရွယ်က ပိုင်နက်ကျူးကျော်မှုဖြင့် ရဲများ၏ ရိုက်နှက်မှုခံခဲ့ရဖူး သည်။ နောက်ပိုင်း ရဲအရာရှိဖြစ်လာချိန်တွင် ရဲဌာန၏လုပ်ကိုင်ပုံ အချိုး အစားမပြေပြစ်မှုများကို ဝေဖန်တတ် သူဖြစ်လာကာ မတရားသဖြင့် ကိုင်တွယ်ဖြေရှင်းမှုများကို ပွင့်လင်းစွာ ဖွင့်ချတတ်ခဲ့သည်။

သို့သော် ၎င်းသည် ရာဇဝတ်မှုတစ်ခု၏ မူလဇစ်မြစ်ကိုသာ ဖြေရှင်းရန် ရည်ရွယ်ပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းမှ လူမှုရေးနှင့်အခြားအစီအစဉ်များကို ငွေကြေးလွှဲပြောင်းစေခြင်း၊ ငွေကြေးတောင်းခံခြင်းတို့ မပြုလုပ်ခဲ့ပေ။

ယမန်နှစ်က ရဲများလက်ထဲ၌ လူမည်းတစ်ဦးဖြစ်သည့် ဂျော့ဖလွိုက် သေဆုံးပြီးနောက် အမေရိကန် မြို့ကြီးပြကြီး များတွင် ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်များ ရှေ့တန်းရောက်လာခဲ့ပြီး လူမျိုးရေး မမျှမတ ဆက်ဆံခံရမှု၊ အသား အရောင်ခွဲခြားမှုနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အမျိုးသားအဆင့် ဦးစားပေး လာခဲ့ကြသည်။ ရဲတပ်ဖွဲ့ကို မည်သည့်အချိန်နှင့် မည်သည့်နေရာတွင်သာ လိုအပ်ကြောင်း (သို့မဟုတ်) တခါတရံ ရဲများ လိုအပ်မှုရှိ/ မရှိ စသည်တို့ကို အမေရိကန်လူထုအကြား အဓိကထား ဆွေးနွေးလာခဲ့ကြသည်။ ကပ်ရောဂါကြောင့် လူ အသေအပျောက် တိုးနေချိန်တွင်လည်း အဆိုပါကိစ္စရပ်များမှာ လူထုထဲတွင် ပျံ့နှံ့နေဆဲဖြစ်သည်။

ယခုအခြေခံအဆင့် ရွေးကောက်ပွဲများတွင် ဂျော့ဖလွိုက် အသတ်ခံခဲ့ရသည့် မီနီရ်ပိုလစ်မြို့တွင်လည်း အလားတူ မြို့တော်ဝန်သစ်ကို မဲဆန္ဒရှင်များက တစ်ချိန်တည်းတွင် မဲပေးရွေးချယ်ခဲ့ကြသည်။ သို့သော် ရဲဌာနကို အစားထိုး ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကျင့်ထုံးများကို မြှင့်တင်မည်ဟုဆိုသော အဆိုပြုချက်များမှာ ပယ်ချခံခဲ့ရသည်။ မီနီရ်ပိုလစ်မြို့၏ လက်ရှိမြို့တော်ဝန် ဂျက်ကော့ဖရေးက ရဲဌာနကို ဖျက်သိမ်းပေးရေး တောင်းဆိုချက်များကို ကာကွယ်ရှောင်တိမ်းနိုင်ခဲ့သည်။

မြို့တော်အဆင့်သတ်မှတ်ရွေးချယ်မှုစနစ်အောက်တွင် ရွေးကောက်ပွဲတာဝန်ရှိ သူများသည် ၎င်းတို့ထံ ရောက်ရှိလာသည့် ကိုယ်စားလှယ်လောင်းအသီးသီး၏ ရလဒ်မဲများ ခွဲဝေရန်နှင့် ဒုတိယ၊ တတိယနေရာများ ရွေးချယ်ရန်တို့ကို နိုဝင်ဘာ ၃ ရက်(ယနေ့)စတင်စိစစ်မည်ဟု အေပီသတင်းတွင် ရေးသားထားသည်။