CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၅

ဒေသတွင်း အမေရိကန်၏ လုပ်ဆောင်ချက်များသည် မျှော်မှန်းမထားသည့် ပဋိပက္ခများဖြစ်ပွားမည့် အန္တရာယ်ကို မြင့်တက်စေကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ရူဒန်ကို (Andrey Rudenko) က တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့တော်တွင် တောင်ကိုရီးယား အာဏာပိုင်များနှင့် ပြုလုပ်သည့် ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့ ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

အမေရိကန်စစ်တပ်၏ တည်ရှိမှုနှင့်် စစ်ရေးလေ့ကျင့်မှုများသည် တောင်ကိုရီးယား၏ အခြေအနေအပေါ် ရုရှား၏ အကဲဖြတ်ချင့်တွက်မှုကို သိရှိအောင် လုပ်ဆောင်ရာတွင် ရုရှား၏ တိုက်ရိုက် ပါဝင်ပတ်သက်မှုကို လှုံ့ဆော်ရာ ရောက်နေသည်ဟုလည်း ရူဒန်ကိုက ရုရှားသတင်းထောက်များနှင့် တွေ့ဆုံချိန်မှာ ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ယခုမူဝါဒအတိုင်း ဆက်လက် လုပ်ဆောင်မည်ဆိုပါက အလွန်အန္တရာယ်ကြီးမားသည့် နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပွားလာနိုင်ကြောင်း ၎င်းက ပြောသည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တွေ့ရစဉ်

တင်းမာမှုများ ဖြစ်ပွားစေသည့် အကြောင်းရင်းများနှင့် ပတ်သက်ပြီး ရုရှားနှင့် တောင်ကိုရီးယားအကြား အမြင်မတူ မှုများ ရှိနေကြောင်း၊ ထို့ကြောင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ဆက်လက်ဖွင့်ထားရန် အရေးကြီးကြောင်း၊ တင်းမာမှုများကို လျှော့ချရန်အတွက် တစ်ဦး၏ ရပ်တည်ချက်ကို တစ်ဦးက ကောင်းမွန်စွာ နားလည်ရန် အရေးကြီး ကြောင်း ရူဒန်ကိုက ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး တောင်ကိုရီးယား၏ စာထုတ်ပြန်မှုများကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက လေ့လာနေကြောင်း၊ တောင်ကိုရီးယား၏ ထုတ်ပြန်ချက်အားလုံးကို အဆင့်အမျိုးမျိုးခွဲပြီး သိမ်းဆည်းထား ကြောင်းလည်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

Source: တာ့စ်