CNI News

၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁

သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု၏ မိဘများဖြစ်ကြသည့် ဦးစိုးဝင်းနှင့် ဒေါ်နွယ်ဦးတို့မှ သမီးဖြစ်သူ ပိုင်ဖြိုးသု(၁၂/အစန(နိုင်)၁၈၈၉၇၁)သည် မိဘများ၏ ဆိုဆုံးမမှုများကို မနာခံဘဲ မိဘများ စိတ်ဆင်းရဲစေသော ကိစ္စရပ်များအား အကြိမ်ကြိမ်အခါခါ ပြုလုပ်ခဲ့သည့်အတွက် ယနေ့မှစပြီး သမီးအဖြစ်မှ အမွေပြတ် စွန့်လွတ် လိုက်ပါကြောင်းနှင့် နောက်နောင် ၎င်းနှင့် ပတ်သက်သော ကိစ္စအဝဝအား တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည် ဟူ၍ ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ထည့်သွင်း ကြေညာခဲ့သည်။

လက်ရှိတွင် သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုသည် ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသူတစ်ဦးလည်း ဖြစ်သည်။