CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၉

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ (၁၀)က လက်မှတ် ရေးထိုးထားသည်။ ထိုလက်နက်ကိုင် (၁၀)ဖွဲ့သည် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ကို ဖွဲ့စည်း၍ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို အစိုးရ၊တပ်မတော်၊လွှတ်တော်တို့ဖြင့် ဆွေးနွေး ဆောင်ရွက်လျက်ရှိသည်။

သို့သော် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်း ကြောင့် အစိုးရနှင့် လွှတ်တော် အခန်း ကဏ္ဍပျောက်ဆုံးသွားရာ NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များက နိုင်ငံရေးဆွေးနွေးပွဲများ ယာယီရပ်ဆိုင်း ထားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် NCA ကိုတော့ ဖျက်သိမ်းခြင်းမရှိဘဲ အားလုံးက NCA အတိုင်း ရပ်တည်လျက်ရှိ ကြသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး အများစုက NCA ကို တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ ဖက်တွယ်ထားဆဲ လားဆို၍ မေးခွန်းထုတ်နေကြသည်။ ထို့ကြောင့် NCA ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)မှ တာဝန်ရှိသူများကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်း ထားပါသည်။

#တိုင်းရင်းသားလက်နက်ကိုင်
#NCA စာချုပ်
#ရပ်တည်မှုအခြေအနေ
#ငြိမ်းချမ်းရေး
#နိုင်ငံရေး
#စစ်တပ်
#အာဏာသိမ်း
#NCA အတိုင်းရပ်တည်