CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၈
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အနေဖြင့် မိမိတို့ မူလချမှတ်ခဲ့ပြီး တန်ဖိုးထား စောင့်ထိန်းခဲ့ကြသည့် ပဋိညာဉ် များ၊ မူဘောင် လုပ်ထုံးလုပ်နည်းများကို တိကျစွာ ထိန်း သိမ်းလိုက်နာခြင်းဖြင့် အဖွဲ့ဝင်များ၏ ယုံကြည်လေးစား ပူးပေါင်းမှု ဖြင့် အာဆီယံ အသိုင်းအဝန်း အကျိုးစီးပွားအား ဖော်ဆောင်ပေးရန် တိုက်တွန်းခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၇ ပါတီက ယနေ့ (အောက်တိုဘာ ၂၈) ရက်တွင် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် “အာဆီယံအနေဖြင့်လည်း မိမိတို့ မူလချမှတ်ခဲ့ပြီး တန်ဖိုးထား စောင့်ထိန်းခဲ့ကြသည့် ပဋိညာဉ်များ၊ မူ ဘောင် လုပ်ထုံး လုပ် နည်းများကို တိကျစွာ ထိန်းသိမ်းလိုက် နာခြင်းဖြင့် အဖွဲ့ကြီး၏ အမှီအခိုကင်းမှု၊ လွတ်လပ်မှု၊ ဂုဏ် သိက္ခာများကို ထူထောင်ပါ ရန်၊ အဖွဲ့ဝင်နိုင်ငံအားလုံး၏ ယုံကြည်လေးစား ပူးပေါင်းဆောင်ရွက်မှုဖြင့် အာဆီယံ အသိုင်း အဝန်း၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးပါရန် တိုက်တွန်းအပ်ပါသည်”ဟု ဖော်ပြထားသည်။
ထို့အပြင် ပြည်တွင်းရေးရာ ကိစ္စရပ်များတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရက အခြေခံဥပဒေနှင့် အညီ ဆောင်ရွက်မှုများကိုလည်းကောင်း၊ နိုင်ငံတကာကိ စ္စရပ်များတွင် ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ပဋိညာဉ်တို့နှင့် အညီ ဆောင်ရွက်ချက်များ ဆုံးဖြတ်ချက်များကိုလည်းကောင်း မိမိတို့က အခိုင်အမာထောက်ခံကြောင်း ဖော်ပြထား သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်သည် “တရားဝင်နိုင်ငံရေးပါတီ အားလုံးက လိုက်နာကျင့်သုံး ရန် ကတိပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ”နှင့်အညီ ဖြစ်ပေါ်ခဲ့သည့် အပြောင်းအလဲ တစ်ရပ်သာ ဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုအတူ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာဖြစ်၍ အာဆီယံအစည်းအဝေး ဖိတ်ကြားမှုနှင့် ယှဉ်တွဲစဉ်းစားရန် ကျိုး ကြောင်း ဆက်စပ်မှု မရှိဟုလည်း ဆိုသည်။
အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး ထိုသို့ မြန်မာကိုယ်စားလှယ်၏ အဆင့်ကိုနှိမ့်၍ ဖိတ်ကြား ခြင်း၊ မိန့်ခွန်းပြောခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကန့်သတ်ထားခြင်းတို့သည် အာဆီယံပဋိညာဉ်စာတမ်းပါ မူ၊ လုပ်ထုံးလုပ်နည်းနှင့် အာဆီယံ၏ ထုံးတမ်းအစဉ်အလာတို့နှင့် ကွဲလွဲနေကြောင်း ဆိုသည်။
အာဆီယံပဋိညာဉ်စာတမ်းပါ အပိုဒ် (၂) “ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေး လက္ခဏာများကို လေးစားလိုက်နာရန်”နှင့် အပိုဒ်-၅ တွင် ပါရှိသည့် “ အဖွဲ့ဝင်နိုင်ငံများသည် တူညီသည့် အခွင့်အရေးနှင့် တာဝန်များရှိရမည်” ဆိုသည့် ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်တိုက်တွန်းသည် နိုင်ငံရေးပါတီများမှာ USDP၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ။ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ မြန်မာနိုင်ငံတောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊လူထုပါတီ၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေး ပါတီ၊ ပြည်သူ့အင်အားပါတီတို့ဖြစ်ကြသည်။