CNI International News

ဂါဇာ၊ နိုဝင်ဘာ ၁၄

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ကြား တိုက်ခိုက်မှုများကြောင့် ဂါဇာမြောက်ပိုင်းရှိ ဆေးရုံ များတွင် ဆေးဝါးများ ပြတ်လပ်နေပြီး ကျန်းမာရေးစောင့်ရှောက်ပေးသည့် ဝန်ဆောင်မှုများ ရပ်ဆိုင်းသွားရသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်မှာ ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့ပြင် ဂါဇာဆေးရုံများတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် လူနာများ၏ အရေအတွက်သည် ပိုမိုမြင့်တက်လာခဲ့ သည်ဟုလည်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်တပ်ကမူ ဟားမာ့စ်အဖွဲ့သည် အယ်လ် ရှီဖာ (Al-Shifa) ဆေးရုံဝန်းအတွင်းရှိ မြေအောက် လိုဏ်ခေါင်း များတွင် စစ်ဌာနချုပ်များ တည်ဆောက်ထားကြောင်း ပြောကြားခဲ့သည်။

တိုက်ပွဲများကြောင့် မွေးကင်းစ ကလေးသူငယ်များ အပါအဝင် အရပ်သားများ၏ အသက်အန္တရာယ်အပေါ် သက်ရောက်မှုများ ရှိနေသည်ဟု ကုလသမဂ္ဂအေဂျင်စီများနှင့် ဂါဇာဆေးရုံများမှ ဆရာဝန်များက ပြောကြားခဲ့ သည်။

ဟားမာ့စ်အစိုးရ၏ လက်ထောက် ကျန်းမာရေးဝန်ကြီး ယူဆက်ဖ် အဘူ ရစ်ရှ်ကို တွေ့ရစဉ်

အစ္စရေး၏ ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများကို ဂါဇာ စီးတီး (Gaza City) မြို့လယ်ရှိ အယ်လ် ရှီဖာ ဆေးရုံအနီးတစ်ဝိုက်တွင် ဆူညံစွာ ကြားခဲ့ရသည်ဟု မျက်မြင်များက သတင်းပေးပို့ခဲ့ သည်။

ဂါဇာ၏ အကြီးဆုံး ဆေးရုံဖြစ်သည့် အယ်လ်ရှီဖာ ဆေးရုံတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် လမစေ့ ဘဲ မွေးဖွားခဲ့သည့် ကလေးငယ် ၆ ဦးနှင့် အထူးကြပ်မတ် ကုသဆောင်ရှိ အခြားလူနာ ၉ ဦး သေဆုံးခဲ့သည်ဟု ဟားမာ့စ်အစိုးရ၏ လက်ထောက် ကျန်းမာရေးဝန်ကြီး ယူဆက်ဖ် အဘူ ရစ်ရှ် (Youssef Abu Rish) က ပြောကြား ခဲ့သည်။

လက်ရှိတွင် ဂါဇာမြောက်ပိုင်းရှိ ဆေးရုံအားလုံးသည် ကျန်းမာရေး စောင့်ရှောက်ပေးသည့် ဝန်ဆောင်မှုများ ရပ်တန့် သွားခဲ့သည်ဟုလည်း အဘူရစ်ရှ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံဝန်ထမ်းများနှင့် လူနာပေါင်း ၃၀၀၀ ကျော်သည် လောင်စာ၊ အစားအစာနှင့် သောက်သုံးရေ လုံလောက်စွာ မရရှိသည့် ဆေးရုံများထဲတွင် ခိုလှုံနေရသည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။ 

"ဂါဇာက ဆေးရုံတွေဟာ ဆေးရုံတစ်ရုံလို မလည်ပတ်နိုင်တော့တာ ဝမ်းနည်းစရာပါပဲ" ဟု WHO အကြီးအကဲ တက်ဒရိုစ် အာဒါနွမ် ဂေဘရီယေဆု (Tedros Adhanom Ghegreyesus)က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်