CNI International News

ဂျေရုဆလင်၊ နိုဝင်ဘာ ၂ 

အစ္စရေးစစ်တပ်သည် အောက်တိုဘာ ၁ ရက်က ပင်လယ်နီ (Red Sea) တွင် စစ်သင်္ဘောများ ဖြန့်ကြက်ချထားပြီး စစ်အင်အားကို တိုးမြှင့်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အီရန်က ကျောထောက်နောက်ခံ ပေးထားသည့်် ဟူရ်သီ (Houthi) လက်နက်ကိုင်အဖွဲ့က ၎င်းတို့သည် အစ္စရေးကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်းနှင့် နောက်ထပ် တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ကြေညာခဲ့ပြီး နောက် တစ်ရက်အကြာတွင် အစ္စရေးစစ်တပ်က ပင်လယ်နီ၌ စစ်အင်အားများ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ပင်လယ်နီရှိ အီလက် (Eilat) ဆိပ်ကမ်းအနီးတွင် ဆား (Saar-class) အမျိုးအစား စစ်သင်္ဘောငယ်များ ကင်းလှည့် နေသည့် ဓာတ်ပုံများကို အစ္စရေး စစ်တပ်က ထုတ်ပြန်ခဲ့သည်။ 

အစ္စရေးသည် အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် ဟားမာ့စ်အဖွဲ့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ပင်လယ်နီကို စစ်မြေပြင် အသစ်တစ်ခုအဖြစ် ရှုမြင်ထားသည်။

ဟူရ်သီလက်နက်ကိုင်အဖွဲ့က ၎င်းတို့အဖွဲ့သည် အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်-အစ္စရေးစစ်ပွဲ စတင် ဖြစ်ပွားခဲ့ချိန်ကတည်းက ဒရုန်းသုံးစင်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာ ၃၁ က်က ပြောကြားခဲ့သည်။ 

အောက်တိုဘာ ၃၁ ရက် ညပိုင်းက တိုက်ခိုက်မှု ဖြစ်စဉ်တစ်ခုတွင် ပင်လယ်နီပေါ်၌ လေကြောင်း ခြိမ်းခြောက်မှု တစ်ခုကို ကြားဖြတ်ပစ်ချခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဟူရ်သီသူပုန်ကိုတွေ့ရစဉ်

အစ္စရေးအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဇာက်ချီ ဟာနစ်ဘီ (Tzachi Hanegbi) က ဟူရ်သီ၏ တိုက်ခိုက်မှု များသည် သည်းခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့သော်လည်း အစ္စရေးအနေနှင့် မည်ကဲ့သို့ လက်တုန့်ပြန် သွားမည်ဆိုခြင်းကို အသေးစိတ်ပြောကြားရန် ငြင်းဆိုခဲ့သည်။

ဟူရ်သီ လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနှင့် အမေရိကန်ကို ရန်လိုသည့် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့နှင့် အီရတ်ရှိ အီရန်က ထောက်ခံပေးထားသည့် ပြည်သူ့စစ်များကို ရန်လိုတိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ 

ဟူရ်သီ လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနှင့် မိုင်ပေါင်း ၁၀၀၀ ကျော် ကွာဝေးသည့် ယီမင်နိုင်ငံ၏ ဆန်နာမြို့တော် အပါအဝင် ယီမင်၏ နေရာ ဒေသအများအပြားကို ထိန်းချုပ်ထားသည်။ 

အောက်တိုဘာ ၇ ရက်ကစပြီး ပင်လယ်နီဒေသမှ အစ္စရေးသို့ ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များနှင့် ဒရုန်းတိုက်ခိုက် မှုများ ဖြစ်ပွားခဲ့ပြီး ထိုဒရုန်းများနှင့် ဒုံးကျည်များသည် အစ္စရေးကို ရောက်ရှိခြင်းမရှိဘဲ အချို့မှာ ပစ်ချခံခဲ့ရသည်။

Source: ရိုက်တာ