CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် လူဦးခေါင်းပြတ် တစ်လုံး လာရောက်ချိတ်ဆွဲထားပြီး သေဆုံးသူ၏ ခန္ဓာကိုယ်အား ရှာဖွေစစ်ဆေးမှု ပြုလုပ်နေ သည်ဟု နစက သတင်း ထုတ် ပြန်ရေးအဖွဲ့က ဆိုသည်။

ယနေ့ (အောက်တိုဘာလ ၂၂ ရက်) နံနက် ၇ နာရီခန့်တွင် NLD ပါတီရုံး ဝင်ပေါက်တံခါး သံပန်း၌ ပိုက်အိတ်နှင့် လူဦးခေါင်း ပြတ်ကို လာရောက်ချိတ်ဆွဲထားခြင်း ဖြစ်သည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့က“အဆိုပါ ဦးခေါင်းပြတ်အား ရေဖြူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပိုဆောင်ကာ ဆရာဝန်၏ မျက်မြင်စစ်ဆေးချက် အရ ဦးခေါင်း ပြတ်သည် လွန်ခဲ့သော ၃ ရက်ခန့်က သေဆုံးခဲ့သည့် အလောင်းဖြစ်ကြောင်း သိရှိရ သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေ ဆုံးသူ၏ ခန္ဓာကိုယ်အား ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်တွင် ရှာဖွေစစ်ဆေး ခြင်းများ ဆောင်ရွက်လျက်ရှိပြီး လက်နက် ကိုင်အကြမ်းဖက်သမားများအား ဖမ်းဆီးရမိပါက ဥပဒေအရထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်”ဟု ဆိုသည်။

အဆိုပါ လူဦးခေါင်းပြတ်မှာ အသက် ၇၀ နှစ်ခန့် အရွယ်ရှိပြီး ပြတ်ရှဒဏ်များပါရှိကာ သေဆုံးသူမှာ မည်သူဖြစ်ကြောင်း အတည်မပြုနိုင်သေးကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကဆိုသည်။

၎င်း လူဦးခေါင်းပြတ် ချိတ်ဆွဲထားသည့် အောက်တွင် ကတ်ထူပြားနှင့် " ဒလန်ရှင်းလင်းရေးအဖွဲ့က ဒလန်ကို သုတ်သင် လိုက်ပြီ။ မင်းတို့က လုပ်ပြီး မပြောရဲဘူး။ ငါတို့က ပေါ်တင်ပြောပြီး လုပ်တာ Dawei Guerrilla Revolutionary Force-DGRF”ဟု ရေးသားထားကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်မြို့နှင့် မြိတ်မြို့ရှိ  NLD ပါတီရုံးများတွင် ဗုံးပေါက်ပွဲမှုများ မကြာခဏ ဖြစ် ပေါ်နေပြီး ထားဝယ်ရှိ NLD ပါတီရုံးပေါက်ကွဲမှု၌ အဆောက်အအုံတစ်ခုလုံး ပြိုကျသည့်အထိ ဖြစ်ပွားခဲ့သည်။