CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၁၆
အစ္စရေးနိုင်ငံတွင် ဟားမာ့စ်တို့၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် ထိုင်းနိုင်ငံသား အရေအတွက်သည် ၂၈ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရသူ ၁၆ ဦးရှိကာ ပြန်ပေးဆွဲ ဖမ်းဆီးခံထားရသူ ၁၇ ဦးရှိကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အစ္စရေးနိုင်ငံ တဲလ်အဗစ် (Tel Aviv) မြို့ ထိုင်းသံရုံးရှိ အလုပ်သမားရေးရာဌာန အကြီးအကဲတစ်ဦး၏ သတင်းပေး ပို့မှုများအရ လက်ရှိတွင် ထိုင်းနိုင်ငံသား သေဆုံးသူ အရေအတွက်၂၈ ဦးအထိ ရှိခဲ့ပြီး ၁၇ ဦး ပြန်ပေးဆွဲ ဖမ်းဆီးခံ ထားရကာ ဒဏ်ရာရသူ ၁၆ ဦးရှိကြောင်း သိရသည်ဟု ထိုင်းအလုပ်သမားရေးရာဝန်ကြီး ပီပက် ရတ်ချာကစ်ပါရာ ကန် (Phiphat Ratchakitprakarn)က အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေးရှိ ထိုင်းသံရုံးတွင် ဖောင်များ ဖြည့်သွင်းရေးသားခဲ့သည့် ထိုင်းနိုင်ငံသား စုစုပေါင်း ၇၅၄၀ ဦးရှိပြီး ၎င်းတို့ အနက် ၇၆၆၄ ဦးမှာ ထိုင်းသို့ ပြန်လာလိုသည့် ဆန္ဒရှိနေကာ ၉၄ ဦးမှာမူ အစ္စရေးတွင်သာ ဆက်လက်နေထိုင်ရန် ဆန္ဒရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မစ္စတာ ပီပက် ဦးဆောင်သည့် အလုပ်သမားရေးရာဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖွဲ့သည် ဘန်ကောက်မြို့ တော်ရှိ SC Park ဟိုတယ်တွင် အစ္စရေးမှ ထိုင်းသို့ ပြန်လည် ရောက်ရှိလာသော ထိုင်းအလုပ်သမား ၉၀ ပါဝင်သည့် အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။
ထိုင်းအလုပ်သမားရေးရာဝန်ကြီး ပီပက်ရတ်ချာကစ်ပါရာကန်ကို တွေ့ရစဉ်
ထိုင်းအမျိုးသား ၈၈ ဦးနှင့် ထိုင်းအမျိုးသမီး ၂ ဦး ပါဝင်သည့် အဆိုပါ အလုပ်သမားအဖွဲ့သည် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက အစ္စရေးမှ ထိုင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
အစ္စရေးသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည့် ထိုအလုပ်သမားများသည် ရာယွန် (Rayong) ပြည်နယ်ရှိ အပြည် ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီးနောက် ဝမ်သွန် လန်း (Wang THong Lang)ခရိုင်ရှိ ဟိုတယ် တစ်ခုသို့ စင်းလုံးငှား ဘတ်စ်ကားများဖြင့် သွားရောက်ခဲ့ကာ ၎င်းတို့ကို ဆွေမျိုးမိတ်ဆွေများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြ သည်။
နောက်ထပ် ထိုင်းအလုပ်သမား ၁၃၇ ဦး ပါဝင်သည့် အုပ်စုသည် အောက်တိုဘာ ၁၆ ရက်တွင် ထိုင်းလေတပ်၏ လေယာဉ်တစ်စင်းဖြင့် ထိုင်းသို့ ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး ဒွန်မောင်း (Don Mueang) လေဆိပ်တွင် ဆင်းသက်လိမ့်မည်ဟု မစ္စတာ ပီပက်က ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ကလည်း အစ္စရေးရှိ ထိုင်းနိုင်ငံသားများကို နိုင်ငံအတွင်း သို့ ပြန်လည် ခေါ်ဆောင်ရေးအတွက် နောက်ထပ် လေကြောင်းလိုင်းများနှင့် ပူးပေါင်း လုပ်ဆောင်နေသည့် အစီအစဉ်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် Noke Air နှင့် Thai AirAsia လေကြောင်းလိုင်းများသည် အစ္စရေးရှိ ထိုင်းနိုင်ငံများအား နေရပ်သို့ ပြန်လည် ခေါ်ယူရေးအတွက် ကူညီပေးမည်ဟု သဘောတူထားသည်။
Source: ဘန်ကောက်ပို့စ်