CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးတို့ကို အောက်တိုဘာ ၁၆ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  သီးခြားစီ တွေ့ဆုံခဲ့သည်။

ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့မှ ခေါင်းဆောင်များနှင့်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံခဲ့သည်။

စောမူတူးစေးဖိုးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

အဆိုပါ တွေ့ဆုံမှုတွင် လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။