CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၅ ဦးကို ပြောင်းလဲ ခန့်အပ်ကြောင်း နစက-က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သွားသည်။

ကချင်ပြည်နယ်တွင် ဗိုလ်မှူးကြီး အောင်ကြည်လင်းအစား ဗိုလ်မှူးကြီး ကျော်သူရကို လည်းကောင်း၊ ကယားပြည်နယ်၌ ဗိုလ်မှူးကြီးမြင့်ဝေ အစား ဗိုလ်မှူးကြီး သန်းစိုးအောင်ကို လည်းကောင်း၊ ကရင်ပြည်နယ် မှာတော့ ဗိုလ်မှူးကြီး မျိုးမင်းနောင် အစား ဗိုလ်မှူးကြီး မင်းသူကျော်ကို လည်းကောင်း ပြောင်းလဲခန့်အပ်ခဲ့ သည်။

ထို့နောက် ချင်းပြည်နယ်တွင် ဗိုလ်မှူးကြီး ဟန်ဝင်းအောင် အစား ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကို လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး၌ ဗိုလ်မှူးကြီး ကျော်ကျော်မင်း အစား ဗိုလ်မှူးကြီး နေလင်းစိုးကို လည်းကောင်း ပြောင်းလဲ ခန့်အပ်ခဲ့သည်။