CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) ၈ နှစ်ပြည့် အခမ်းအနားကို အဓိပ္ပာယ် ပြည့်ဝစွာ ကျင်းပနိုင်ရေးအတွက် EAO ၅ ဖွဲ့နှင့် NSPNC တို့ ဩဂုတ် ၃၀ ရက်နေ့တွင် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ EAO ၅ ဖွဲ့မှာ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)၊ KNU/KNLA-ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော်(DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ဖြစ်သည်။

ထို တိုင်းရင်းသားလက်နက်ကိုင်(EAO)၅ ဖွဲ့အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ၊ မွန်ပြည်သစ်ပါတီ(NSMP)တို့ လက်မှတ်ထိုးထား သည်။

အဆိုပါ NCA လက်မှတ်ထိုးခြင်းကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က ကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်ဆိုလျှင် ၈ နှစ်ပြည့်မည် ဖြစ်သည်။

ထို့ကြောင့် NCA လက်မှတ်ထိုးခြင်း ၈ နှစ်ပြည့် အခမ်းအနားကို ကျင်းပရန် စီစဉ်နေကြသည်။