CNI International News

ဝါရှင်တန်၊ သြဂုတ် ၂၈ 

အမေရိကန် သမ္မတဟောင်း ထရမ့်သည် အတ္တလန္တာအကျဉ်းထောင်တွင် ယာယီဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးနောက် ၎င်း၏ မဲဆွယ်စည်းရုံးရေးအဖွဲ့သည် ရန်ပုံငွေ ဒေါ်လာ ၇ ဒသမ ၁ သန်း တိုးမြှင့်ရရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။

ထရမ့်သည် ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဖက်ဒရယ်နှင့် ပြည်နယ်အဆင့် တရားရေး စွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရသော လွန်ခဲ့သည့် သီတင်းသုံးပတ်အတွင်း ရန်ပုံငွေ ဒေါ်လာ သန်း ၂၀ အထိ ရရှိခဲ့ သည်ဟု ၎င်း၏ မဲဆွယ်စည်းရုံးရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ 

 အမေရိကန် သမ္မတဟောင်း ထရမ့်ကို တွေ့ရစဉ်

ပြီးခဲ့သည့် ရက်ပိုင်းက ထရမ့်သည် အတ္တလန္တာအကျဉ်းထောင်တွင် ဖမ်းဆီးခံခဲ့ပြီး ၎င်း၏ ရဲမှတ်တမ်းဓာတ်ပုံ ထွက်ပေါ်လာခဲ့သည်။

ထရမ့်၏ အဖွဲ့က ထိုဓာတ်ပုံကို တီရှပ်တွင် တံဆိပ်ရိုက်ပြီး ရောင်းချခဲ့သည်။ 

သြဂုတ် ၂၅ ရက် တစ်ရက်တည်းမှာပင် ထရမ့်သည် ဒေါ်လာ ၄ ဒသမ ၁၈ သန်းအထိ ရန်ပုံငွေ ရှာဖွေနိုင်ခဲ့ပြီး ၎င်း၏ မဲဆွယ်စည်းရုံးမှု သမိုင်းတွင် တစ်ရက်အတွင်း ရန်ပုံငွေ အများဆုံး ရရှိသည့်နေ့အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အမေရိကန် သမ္မတဟောင်း ထရမ့်ကို တွေ့ရစဉ်

၂၀၁၆ ခုနှစ်က သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ဖြစ်သည့် ဂျိုးဘိုင်ဒန် ကို ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ထရမ့်သည် ရီပတ်ဘလင်ကန်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် နောက်ထပ် တစ်ကြိမ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

လက်ရှိတွင် ထရမ့်သည် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အမှုနှစ်ခု အပါအဝင် စွဲချက်ပြစ်တင်ချက် လေးခုနှင့် ရင်ဆိုင်နေရသည်။ 

ထရမ့်ကမူ ၎င်းအပေါ် စွဲချက်တင်ထားသည့် အမှုများနှင့်ပတ်သက်ပြီး အမှားအယွင်း ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

Source: ရိုက်တာ