CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀

ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီ မှတ်ပုံတင်ထားသည့်တိုင် ပါတီ ၇ ခုကိုသာ မှတ်ပုံတင်ချ ပေးထားနိုင်ပြီး ကျန် ၅ ပါတီကို ဥပဒေနှင့်အညီ စိစစ်နေဆဲဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများ အသစ်ပြဋ္ဌာန်းပြီးနောက် ဥပဒေပုဒ်မ ၂၅ အရ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားသည့် ပါတီ ၅၀ ပါတီနှင့် ပုဒ်မ ၃ အရ အသစ်လျှောက်ထားသော ပါတီ ၁၃ ပါတီဖြစ်၍ စုစုပေါင်း ၆၃ ပါတီရှိကြောင်း UEC က ပြောသည်။

ထို့နောက် ယနေ့အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၅ ပါတီရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။

အဆိုပါ မှတ်ပုံတင်ခွင့်နှင့် တည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီများအနက် ပြည်ထောင်စုတစ်ဝန်း လုံး စည်းရုံးမည့် ပါတီ ၁၂ ပါတီရှိပြီး ၇ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးဖြစ်၍ ကျန် ၅ ပါတီကို ဥပဒေနှင့်အညီ လို အပ်သည့် စိစစ်မှုများ ဆောင်ရွက်နေဆဲဖြစ်သည်ဟု ၎င်းက CNI သတင်းဌာနသို့ ပြောသည်။

မှတ်ပုံတင်ကျထားသည့် ပြည်ထောင်စုတစ်၀န်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၇ ပါတီစာရင်းကိုတွေ့ရစဉ်

ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားရာမှာ မကျလာသေးသော ပါတီများ မှာ ပြည်သူ့ပါတီ(PP)၊ ရခိုင်အမျိုးသားပါတီ(ANP)၊ မွန်ညီညွတ်ရေးပါတီ တို့ပါဝင်သည်။

လက်ရှိ မှတ်ပုံတင်ကျထားသော  ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ (၇)ပါတီမှာ ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင် ငံရေး ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ)၊ အမျိုးသမီးပါတီ(မွန်)တို့ ဖြစ်သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပါတီစုံဒီမိုကရေစီ ရှင်သန်ရေးအတွက် ရွေးကောက်ပွဲ ကျင်းပရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးပါက အနိုင်ရသည့် အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ပြောကြားထားသည်။

ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်၍ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သော်လည်း မှတ်ပုံ တင်ချမပေးသည်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်ကနေ ယနေ့အထိဆိုလျှင် ၆ လကျော်လာခဲ့ပြီဟု ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားရာမှာ မကျလာသေးသော ပါတီများက ပြောသည်။