ဝါရှင်တန် အောက်တိုဘာ ၁၂

အာဏာရပြီး ၉ လအကြာ အမေရိကန်ပြည်သူများအနေဖြင့် သမ္မတ ဂျိုးဘိုင်ဒန်ကို မထောက်ခံလိုတော့ကြောင်း အသံများထွက်ပေါ်လာခဲ့ကြောင်း ယခင် သီတင်းပတ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တမ်းကောက်ယူမှု ရလဒ်များအရ သိရသည်။

ယင်းစစ်တမ်းတွင် ဆန္ဒထုတ်ဖော်သူ စုစုပေါင်း၏ ၄၉ ဒသမ ၂ ရာခိုင်နှုန်းက သမ္မတ၏ကိုင်တွယ်ပုံကို သဘောမတွေ့ကြောင်းနှင့် ၄၄ ဒသမ ၅ ရာခိုင်နှုန်းကသာ သမ္မတကို ထောက်ခံကြောင်း တွေ့ရသည်ဟု အဆိုပါစစ်တမ်းကောက်ယူခဲ့သည့် FiveThiryEight ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

အလားတူစစ်တမ်းကောက်ယူခဲ့သည့် ဝက်ဘ်ဆိုက် ၅ ခုတွင်လည်း ၄၆ ယောက်မြောက် အမေရိကန်သမ္မတကို ၎င်း၏ ရာထူးသက်တမ်းအတွင်း သဘောမကျကြကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်ဟု RealClearPolitics ဝက်ဘ်ဆိုက်က ဆိုသည်။

ဘိုင်ဒန်၏ရပ်တည်ချက်ကျဆင်းခြင်းသည် ယမန်နှစ်က သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို အနိုင်ရပြီး အိမ်ဖြူတော် ရောက်အောင် ပံ့ပိုးခဲ့သူ မဲဆန္ဒရှင်များအ ကြားမှပင် တရှိန်ထိုးကျဆင်းနေခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ပြောကြသည်။

 

သမ္မတရာထူးသက်တမ်း ၆ လပြည့်ခဲ့သည့် ဇူလိုင်လတုန်းက ဘိုင်ဒန်အပေါ် ထောက်ခံမှုရာခိုင်နှုန်းမှာ ၉ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ဩဂုတ်အရောက်တွင်တော့ မဲဆန္ဒရှင်အမြင်များသည် တမျိုးတဖုံပြောင်းလဲလာခဲ့ကြောင်း စစ်တမ်း များက ပြသနေသည်။

ယခုကဲ့သို့ ဘိုင်ဒန်အပေါ် ထောက်ခံမှုကျဆင်းလာခြင်းမှာ အာဖဂန်နစ္စတန်နိုင်ငံမှ အနှစ် ၂၀ ကြာ စစ်ပွဲအပြီး အမေရိကန်တပ်များ ဖရိုဖရဲပြန်လည်ဆုတ်ခွာလာချိန်နှင့် တိုက်ဆိုင်နေကြောင်း နိုင်ငံရေးအကဲခတ်သမားများက သုံးသပ်ကြသည်။

ဝါရှင်တန်တွင် ရီပက်ဘလီကန်နှင့် ဒီမိုကရက်တို့အကြား အစိုးရကြွေးမြီများတိုးလာခြင်းနှင့် ဘိုင်ဒန်၏ အစီအစဉ်များအပေါ် ဆယ်စုနှစ် ငါးခုကျော်ကာလအ တွင်း နိုင်ငံ၏အကြီးမားဆုံး လူမှုလုံခြုံရေးကွန်ရက်ချဲ့ထွင် နိုင်ရေးအတွက် အခြေအတင် ဆွေးနွေးနေခဲ့ကြသည်။

အခြားတဖက်တွင်လည်း အမေရိကန်ပြည်သူ သန်း ၇၀ နီးပါး ကာကွယ်ဆေး မထိုးသေးသော်လည်း မကြာသေးမီ လများအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်များ ပြန်လည်ကျဆင်းသွားခဲ့သည်။ ဝန်ထမ်းဦးရေ ၁၀၀ နှင့် အထက်ရှိသော ကုမ္ပဏီများမှ လုပ်သားများအတွက် ကာကွယ်ဆေးထိုးနှံနိုင်ရန် မကြာခဏဆိုသလို ဘိုင်ဒန်က လုပ်ပိုင်ခွင့်များ ချထားပေးခဲ့သော်လည်း နိုင်ငံ၏အချို့နေရာများတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေးကိစ္စများ မကျေမလည်နှင့် အငြင်းပွားမှုများ ပေါ်ပေါက်နေဆဲဖြစ်သည်။