CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၂
ဇူလိုင် ၁၃ ရက်နေ့ ဝန်ကြီးချုပ်ရွေးမည့် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် လွှတ်တော်နှစ်ရပ် ပူးတွဲ အ စည်းအဝေးတွင် Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျရုန်ရတ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြု သွားမည်ဖြစ်ကြောင်း ဖြူးထိုင်း(Pheu Thai)ပါတီခေါင်းဆောင် ချိုနန် သီရိကော(Chonlanan Srikaew)က ပြော ကြောင်း Thai PBS သတင်းမှ ဖော်ပြခဲ့သည်။
Move Forward ပါတီ ဦးဆောင်သည့် ညွန့်ပေါင်း၈ပါတီမှာ ယနေ့ (အင်္ဂါနေ့)တွင် တွေ့ဆုံခဲ့ကြပြီး ပီတာကို အဆိုပြုသည့်အုပ်စုကို ကိုယ်စားပြုရန် ဖြူးထိုင်းပါတီကို ခန့်အပ်တာဝန်ပေးဖို့ သဘောတူခဲ့ကြသည်ဟု ချိုနန်သီရိကောက ပြောကြားခဲ့သည်။
အဆိုပြုခြင်း လုပ်ငန်းစဉ် ပြီးဆုံးလျှင် အောက်လွှတ်တော်အမတ်များနှင့် အထက်လွှတ်တော်အမတ်များက ပီတာ နှင့် Move Forward ပါတီ၏ မူဝါဒများနှင့် ပတ်သက်၍ သံသယရှိပါက ပီတာကို တိုက်ရိုက် မေးမြန်းနိုင်မည် ဖြစ် သည်။
သို့သော် အထက်လွှတ်တော်အမတ် မည်မျှက ပီတာကို မဲပေးမလဲဆိုသည်ကိုတော့ မိမိ မသိကြောင်း၊ MFP ပါတီ ၏ အထွေထွေအတွင်းရေးမှူးချုပ်ကမူ အထက်လွှတ်တော် အမတ်များထံမှ မဲများနိုင်သမျှ များများရဖို့ ကြိုးစား ထားသည်ဟု မိမိကို ပြောကြောင်း ချိုနန်သီရိကော ဝန်ခံသည်။
(၈)ပါတီ ညွန့်ပေါင်းအဖွဲ့မှာ အောက်လွှတ်တော်တွင် ထောက်ခံမဲ ၃၁၂ မဲ ရရှိထားပြီးဖြစ်သည်။
ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသူကိုတွေ့ရစဉ်
အစဉ်အလာအရ အောက်လွှတ်တော်ဥက္ကဋ္ဌက မဲမပေးဘဲ နေရမည်ဖြစ်၍ ညွန့်ပေါင်းအဖွဲ့တွင် ၃၁၁ မဲသာ ကျန် သည်။
ထို့ကြောင့် ညွန့်ပေါင်းအဖွဲ့ အနေဖြင့် အနည်းဆုံး လိုအပ်ချက် ၃၇၆ မဲ ပြည့်မှီရန်မှာ အထက်လွှတ်တော် အမတ် များနှင့် အခြားပါတီများထံမှ ထောက်ခံမဲ ၆၅ မဲရဖို့ လိုအပ်နေသည်။
ဥပဒေအရ လွှတ်တော် ၂ ရပ်ပေါင်း အမတ် ၇၅၀ ၏ တစ်ဝက်က သဘောတူမှ ပီတာကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်နိုင်မည် ဖြစ်သည်။
၈ ပါတီညွန့်ပေါင်းအဖွဲ့ကိုတွေ့ရစဉ်
လက်ရှိ အခြေအနေတွင်မူ ဇူလိုင် ၁၃ ရက်နေ့ ပထမအကြိမ် ပူးတွဲလွှတ်တော်တွင် ပီတာအနေဖြင့် ထောက်ခံမဲ ၃၇၆ မဲ မပြည့်ခဲ့လျှင် နောက်ထပ် ဆောင်ရွက်မည့် အစီအစဉ်(ဘီ) မရှိသေးကြောင်း ဖြူးထိုင်းပါတီက ပြောသည်။
ဝန်ကြီးချူပ်အား ရွေးချယ်ရန် လွှတ်တော်ကို ဘယ်နှကြိမ် ခေါ်နိုင်သည်ဟု ကန့်သတ်ချက် မရှိသော်လည်း အချိန် ကြာလေ၊ အစိုးရဖွဲ့ဖို့လည်း ကြန့်ကြာလေ ဖြစ်မည်။
ထို့နောက် နိုင်ငံရေး မတည်ငြိမ်မှုလည်း ရှည်ကြာလေဖြစ်နိုင်ကြောင်း၊ လူထု အပါအဝင် ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံတကာမှ မယုံကြည်မှုများ တိုးလာမည်ဖြစ်ကြောင်း သိရသည်။
Source: Thai PBS World