CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁


ထိုင်း-မြန်မာ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည့် (၃၅)ကြိမ်မြောက် ထိုင်း-မြန်မာ နယ်စပ်ဒေသရေးရာ ကော်မတီ(Thai- Myanmar regional border committee) အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးကို ထိုင်းနိုင်င၊ ချင်းမိုင်မြို့ရှိ Green Lake Hotel တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ တပ်မတော် အရာရှိကြီးများကိုတွေ့ရစဉ်

မြန်မာဘက်က အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ ဦးဆောင်သည့် တပ်မတော်အရာရှိများ တက်ရောက်ခဲ့သည်။

လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှု အားနည်းလျက်ရှိသလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူများအရေးလည်း ကြုံတွေ့နေရသည်။