CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂

မြန်မာများနေထိုင်နေသည့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အတွင်းရှိ လေးထပ်ဈေးဆိုင်တန်း အဆောက်အအုံကို ထိုင်းစစ်တပ်က မတ်လ ၂၂ ရက်နေ့ ဝင်ရောက်စီးနင်း၍ စစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod မှ ရေးသားဖော်ပြထားသည်။

မြန်မာ့တပ်မတော်ကို ဆန့်ကျင် တိုက်ခိုက်နေသူ ၂၀၀ ဝန်းကျင် လေးထပ်ဈေးဆိုင်တန်း အဆောက်အအုံမှာ နေထိုင်နေသည်ဟု ထောက်လှမ်းရေးသတင်း အချက်အလက်အရ ထိုင်းစစ်တပ်က ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းသတင်းဌာနတွင် ဖော်ပြထားသည်။

ထိုသို့ စီးနင်းစစ်ဆေးစဉ် ကျည်ဆံများ၊ ဒရုန်းများ၊ ဆေးဝါးများ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ၊ ယူနီဖောင်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Source: Khaosod