CNI International News
ဘန်ကောက်၊ ဇွန်လ ၂၆
ထိုင်းတောင်ပိုင်း ပတ်ထာနီပြည်နယ် ခွဲထွက်ရေးဖိုရမ်နှင့်ဆက်စပ်သည့် နိုင်ငံရေးသမားများကို အရေးယူရန် စစ်တပ်က ပြင်ဆင်နေသည်ဟု သိရသည်။
ယခုလအစောပိုင်းက တောင်ပိုင်းနယ်စပ်ရှိ ပတ်ထာနီ (Pattani)ပြည်နယ်မှ ခွဲထွက်ရေးဆိုင်ရာ ဖိုရမ်နှင့် ပတ်သက် ၍ ထိုင်းစစ်တပ်က နိုင်ငံရေးသမားတချို့ကို ဥပဒေချိုးဖောက်မှုရှိခဲ့သည်ဟု ထိုင်းတပ်မဟာ ၄ ၏ တပ်မှူးက ပြော သည်။
ပြည်တွင်းလုံ ခြုံရေးဌာနချုပ် (Isoc) ၏ တောင်ပိုင်းဌာနခွဲမှ အရာရှိများသည် နိုင်ငံရေးသမားတချို့ အပါအဝင် သံသယရှိ သူများကို ရဲတပ်ဖွဲ့ထံ ထပ်မံတိုင်ကြားမှု လုပ်ဆောင်သွားမည်ဟုလည်း တောင်ပိုင်းဒေသ တပ်မှူး ဗိုလ်ချုပ်ကြီး ဆန်တီ ဆာကယ်တာနတ် (Santi Sakultanak) က ပြောသည်။
တောင်ပိုင်း Isoc သည် ထပ်တိုး တိုင်ကြားမှုအတွက် သက်သေများကို စုစည်းနေသည်ဟုလည်း ၎င်းက ပြောသည်။
တောင်ပိုင်း Isoc သည် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်တွင် ပတ်ထာနီပြည်နယ် ရဲတပ်ဖွဲ့သို့ ပထမတိုင်ကြားမှုကို ပြု လုပ်ခဲ့ကြောင်း၊ ယင်းတွင် လုံခြုံရေးနှင့် ပြည်ထဲရေးတို့ကို ခြိမ်းခြောက်မှုနှင့် ကွန်ပျူတာ ရာဇဝတ်မှုများ ပါဝင် ကြောင်းလည်း ဗိုလ်ချုပ်ကြီး ဆန်တီက ပြောသည်။
ယင်းသည် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်ဟု ပြောသော်လည်း ပထမအကြိမ် တိုင်ကြားမှုတွင် ပါဝင်သော စွပ်စွဲခံရသူ အရေအတွက်ကိုမှု ပြောဆိုရန် ငြင်းဆန်ခဲ့သည်။
ပတ်ထာနီလွှတ်တော်အမတ် ဝိုရာဝပ် ဘာရူကိုတွေ့ရစဉ်
မကြာမီ အချိန်အတွင်း နောက်ထပ် တိုင်ကြားမှုတစ်ခုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းတွင် နိုင်ငံရေး သမားများ အပါအဝင် စွပ်စွဲခံရသူများ ပါဝင်မည်ဖြစ်ကြောင်း၊ သက်သေ အထောက်အထားများကို စုစည်းထားပြီး ဖြစ်ကြောင်း၊ အထောက်အထားများက ဖော်ပြချက်အတိုင်း သက်ဆိုင်သူများ အရေးယူခံရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဆန်တီက ပြောသည်။
ပထမအကြိမ် တိုင်ကြားမှုသည် လူငါးဦးကို အဓိက ပစ်မှတ်ထားသည်ဟု သတင်း အရင်းအမြစ်များက ပြောသည်။
၎င်းတို့တွင် နာရာသီဝပ် ဒေသခံ (Narathiwat) ဖိုရမ်တင်ဆက်သူတစ်ဦး၊ Pelajar Bangsa လှုပ်ရှားမှု၏ အဓိက အဖွဲ့ဝင် တစ်ဦးဖြစ်သော ပတ်ထာနီ (Pattani) ဒေသခံတစ်ဦး၊ နာရာသီဝပ်၏ ဆောင်အိုင်ပါဒီ (Sungai Padi) ဒေသခံတစ်ဦး၊ ဆောင်ခလာ (Songkhla) ပြည်နယ် ဆာဘာယိုင် (Saba Yoi) ခရိုင် ဒေသခံတစ်ဦးနှင့် နာရာသီဝပ် ဒေသခံ တစ်ဦးတို့ ဖြစ်သည်။
တက်ကြွလှုပ်ရှားသူ တစ်စုသည် လွတ်လပ်သော တောင်ပိုင်းမူဆလင် ပတ်ထာနီပြည်နယ် စတင်ရေးနှင့် ပတ်သက်၍ ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပရန် အစောပိုင်းတွင် တောင်းဆိုခဲ့သည်။
ထိုင်းတောင်ပိုင်းဒေသ တပ်မှူး ဗိုလ်ချုပ်ကြီး ဆန်တီ ဆာကယ်တာနတ်ကို တွေ့ရစဉ်
ထိုတောင်းဆိုမှုက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရုံမက နယ်မြေပိုင်ဆိုင်မှုနှင့် နိုင်ငံ၏လုံခြုံရေးကို ချိုးဖောက်မှု ဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။
ဇွန်လ ၇ ရက်က တောင်ပိုင်းပြည်နယ် သုံးခုမှ ကျောင်းသားများကို ကိုယ်စားပြုသည့် Palejar Bangsa လှုပ်ရှားမှု ကို စတင်ခဲ့ပြီးနောက် ထိုသို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဖျက်သိမ်းခဲ့သည့် ပတ်ထာနီကျောင်းသား လူငယ်များအဖွဲ့ (PerMas) ကို ဆက်ခံသည့် အဖွဲ့ဟုလည်း ယူဆခံထားရသည်။
အဆိုပါ အဖွဲ့က ဦးဆောင်ကာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ပတ်ထာနီ ငြိမ်းချမ်းရေးဆိုသော ဆွေးနွေးပွဲကို ကျင်းပခဲ့ ခြင်း ဖြစ်သည်။
ထိုဆွေးနွေးပွဲတွင် Prachachat ပါတီ၏ ဒုတိယခေါင်းဆောင်လည်းဖြစ် ပတ်ထာနီလွှတ်တော်အမတ် ဝိုရာဝပ် ဘာရူ (Worawit Baru)၊ Fair ပါတီ၏ ဒုတိယအတွင်းရေးမှူး ဟာကင်ပွန်းတီဂါ (Hakim Pongtigor) တို့လည်း ပါဝင်သည်။
ထိုပါတီနှစ်ခုသည် အစိုးရဖွဲ့ရန် ကြိုးပမ်းနေသည့် ညွန့်ပေါင်းအဖွဲ့ဝင်များလည်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် တက်ရောက်သူများကို မဲစာရွက်တစ်ခု ပေးခဲ့ပြီးနောက် ပတ်ထာနီပြည်နယ် လွတ်မြောက်ရေး ဆန္ဒခံယူပွဲ တစ်ခုအတွက် မဲပေးမည်လားဟု မေးမြန်းထားသည်။
Source: ဘန်ကောက်ပို့စ်