CNI International News

အင်ဖာလ်၊ မေလ ၂၉

မဏိပူရပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ပုံမှန် အခြေအနေသို့ ရောက်အောင် ထိန်းသိမ်းနိုင်ရေးအတွက် လုပ် ဆောင်သည့် အစိတ်အပိုင်းတစ်ခုအနေဖြင့် စစ်သွေးကြွ ၃၃ ဦးခန့်ကို မဏိပူရပြည်နယ် လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း NORTHEAST NOW သတင်းတွင် ဖော်ပြသည်။

စစ်သွေးကြွများအား ရှင်းလင်းခဲ့သည့် သတင်းကို မဏိပူရပြည်နယ် ဝန်ကြီးချုပ် အန်ဘီရန်ဆင်း (N Biren Singh) က မေလ ၂၈ ရက်နေ့တွင် ပြောသည်။

အိန္ဒိယစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မာနော့ ပန်ဒီ (Manoj Pande) နှင့် တွေ့ဆုံပြီးနောက် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

အင်ဖာလ် (Imphal) တွင် သတင်းသမားများနှင့် တွေ့ဆုံစဉ် သေဆုံးခဲ့သော စစ်သွေးကြွများသည် စစ်ဆင်ရေး လုပ်ဆောင်ခြင်း ရပ်နားထားသည့် အဖွဲ့များမှ ဖြစ်သည်ဟု ပြောခဲ့သည်။ သို့သော် မည်သည့်အဖွဲ့အစည်းကဆို သော တိတိကျကျကိုတော့ ပြောမသွားပေ။

အိန္ဒိယစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မာနော့ ပန်ဒီကို တွေ့ရစဉ်

ပြည်နယ်အတွင်းရှိ အရပ်သားများအား တိုက်ခိုက်ခြင်းတွင် ပါဝင်ခဲ့သူများကို ခြေရာခံရန် စစ်ဆင်ရေးများကိုလည်း ဆောင်ရွက်နေပြီဟု ၎င်းက ပြောသည်။

ပြည်နယ်အတွင်း ပုံမှန် အခြေအနေ ပြန်ဖြစ်ရေး ဗဟိုနှင့်ပြည်နယ် အစိုးရတို့၏ လုပ်ဆောင်ချက်များကို ယုံကြည် ပေးရန် ပြည်သူများကို တောင်းဆိုကြောင်းလည်း ဝန်ကြီးချုပ်က ပြောခဲ့သည်။

သောင်းကျန်းသူများ၏ စစ်ဆင်ရေးများနှင့် ပတ်သက်၍ ခြေရာခံရန် မေလ ၂၇ ရက်က မဏိပူရပြည်နယ်ရှိ ဒေသ များတွင် ရှာဖွေရေးများကို အိန္ဒိယစစ်တပ်နှင့် အာသံရိုင်ဖယ်တပ်တို့က လုပ်ဆောင်ခဲ့သည်ဟုလည်း သိရသည်။

ထိုစစ်ဆင်ရေးများသည် မဏိပူရပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် ပုံမှန် အခြေအနေကို ထိန်းသိမ်းရန် အိန္ဒိယ စစ်တပ်နှင့် အာသံရိုင်ဖယ်တပ်တို့၏ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ သစ်တော ထူထပ် သည့် တောင်တန်းဧရိယာများ၌ စစ်ဆင်ရေး ဆောင်ရွက်ရာတွင် စစ်တပ်တာဝန်ရှိသူများသည် ခေတ်မှီ လက်နက် များ၊ ကိရိယာများနှင့် တခြားသော ပစ္စည်းများကို အသုံးပြုလျက်ရှိကြောင်း အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ကြီးပန်ဒီနှင့် ဝန်ကြီးချုပ်တို့သည် မေလ ၂၈ ရက်တွင် တွေ့ဆုံကာ လက်ရှိ မဏိပူရပြည်နယ်တွင်းမှ လုံခြုံ ရေး အခြေအနေများနှင့် ပြည်နယ်တွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် စစ်တပ်ဘက်မှ ဆောင်ရွက်နေသည့် ကိစ္စ များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

Source: NorthEast Now