CNI International News

အစ္စလာမ္မာဘတ်၊ မေလ ၁၀

မြို့တော် အစ္စလာမ္မာဘတ်ရှိ တရားရုံးစစ်ဆေးမှု တစ်ခုတွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း(Imran Khan) အား ဖမ်းဆီးခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံ တစ်ဝန်းလုံး၌ ကန့်ကွက် ဆန္ဒပြမှုများ ပေါ်ပေါက် လာခဲ့သည်ဟု ဘန်ကောက် ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်က ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် ၎င်းအပေါ် စွပ်စွဲထားသည့် စွဲချက်များစွာထဲမှ တစ်ခုအတွက် တရားရုံးသို့ လာရောက်ချိန်တွင် ခမ်းကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ခမ်းအား လုပ်ကြံရန် ကြိုးပမ်းမှုတွင် ထိပ်သီးအရာရှိကြီးတစ်ဦးပါ ပါဝင်နေသည်ဟူသော စွပ်စွဲချက်အပေါ် ပါကစ္စတန်စစ်တပ်က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ပြီး နာရီပိုင်း အကြာတွင် အီမရန်ခမ်းကို ဖမ်းဆီးမှု ပေါ်ပေါက်လာခဲ့သည်။

ကရာချိ (Karachi) နှင့် လာဟိုး (Lahore) မြို့တို့ရှိ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများဖြင့် လူစု ခွဲခဲ့ သည်။

သို့သော် မြို့တော် အစ္စလာမာဘတ် (Ialamabad)၊ ရာဝယ်ပင်ဒီ (Rawalpindi) နှင့် ပတ်ရှ်ဝါ (Peshawar) တို့တွင် ဆန္ဒပြသူများက လမ်းများကို ပိတ်ဆို့ခဲ့ကြသည်။

အီမရန်ခမ်းသည် အကျင့်ပျက် ခြစားမှုကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု အစ္စလာမ္မာဘတ် ရဲတပ်ဖွဲ့က တွစ်တာ တွင် ကြေညာခဲ့သည်။

အီမရန်ခမ်း ထောက်ခံသူများ ဆန္ဒပြနေကြစဉ်

ဒေသတွင်း ရုပ်သံများတွင် ခမ်းအား စစ်သား အစောင့်အရှောက်ဖြင့် ခေါ်ဆောင်ကာ အစ္စလာမ္မာဘတ် ဗဟိုတရား ရုံးအတွင်းရှိ ကျည်ကာကားအတွင်းသို့ ပို့ဆောင်လိုက်သည်ကို တွေ့ရသည်။

ခမ်းသည် ပြီးခဲ့သည့်နှစ်က လုပ်ကြံခံရ ပြီးချိန်ကတည်းက ထော့နင်း ထော့နင်း ဖြစ်ခဲ့သည်ဟုလည်း ကြေညာထားသည်။

တက်ရောက်ကြောင်း မှတ်တမ်းလုပ်ရန် တရားရုံးတွင်းသို့ ဝင်ရောက်ချိန်တွင် တပ်ဖွဲ့ဝင် ဒါဇင်ချီက စတင် တိုက်ခိုက်ခဲ့သည်ဟု ခမ်း၏ PTI ပါတီမှ ရှေ့နေတစ်ဦးဖြစ်သူ အလီဘူခါရီ (Ali Bukhari) က ပြောသည်။

၎င်းတို့သည် ခမ်းအား ရိုက်နှက်ကာ ဆွဲခေါ်သွားခဲ့သည်ဟုလည်း အလီက ပြောသည်။

လက်ရှိ အချိန်အထိ ခမ်းအား မည်သည့် နေရာသို့ ခေါ်ဆောင်သွားလဲဆိုတာ မသိရသေးပေ။

တနင်္လာနေ့က အင်အားကြီး စစ်တပ်၏ ခမ်းအပေါ် ဝေဖန်မှုသည် ၎င်းနှင့် စစ်တပ်အကြား ဆက်ဆံရေး မည်မျှ ဆိုးရွားနေသည်ကို ဖော်ပြနေသည်။

 

အီမရန်ခမ်း ထောက်ခံသူများ ဆန္ဒပြနေကြစဉ်

ပါကစ္စတန် စစ်တပ်သည် ခမ်း အာဏာရရှိရေး ကြိုးပမ်းမှုကို ထောက်ပံ့ခဲ့ဖူးသော်လည်း ပြီးခဲ့သည့်နှစ် အယုံ အကြည် မရှိကြောင်း မဲပေးမှုမတိုင်ခင် ၎င်းအား ထောက်ခံမှုကို ရပ်တန့်ခဲ့သည်။

ဖမ်းဆီးခံရမည်ဟု ကြိုတင် ခန့်မှန်းမိထားသော PTI ပါတီ တာဝန်ရှိသူများသည် ခမ်း ဖမ်းဆီးခံခဲ့ရပြီး နောက်တွင် ကြိုတင် ရိုက်ကူးထားသော ဗွီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့သည်။

ယင်းတွင် ခမ်းက စစ်မှန်သော လွတ်လပ်ခွင့်အတွက် လမ်းပေါ်ထွက်လာကြရန်လည်း ၎င်းအား ထောက်ခံသူများ ကို တိုက်တွန်းထားသည်။

“ပါကစ္စတန် နိုင်ငံသားများခင်ဗျာ၊ အခု ဗွီဒီယိုဖိုင်ကို မြင်တွေ့ရချိန်မှာ ကျနော့် အနေဖြင့် တရားမဝင် စွပ်စွဲမှုများ ဖြင့် ထိန်းသိမ်းခံလိုက်ရပြီ ဖြစ်ပါသည်”ဟု ခမ်းက ထုတ်ပြန်ခဲ့သည့် ဗွီဒီယိုဖိုင်တွင် ပြောထားသည်။

အားလုံး အနေဖြင့် ရှင်းရှင်းလင်းလင်း သိထားသင့်သည်မှာ ပါကစ္စတန်၏ အခြေခံ အကျဆုံး အခွင့်အရေး ဖြစ် ကြောင်း၊ ဒီမိုကရေစီစနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးများမှာ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ကြောင်းလည်း ခမ်းက ပြောထားသည်။

ပါကစ္စတန်သည် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများအတွင်းသို့ နက်ရှိုင်းစွာ ရောက်ရှိနေကာ ရုန်းကန် နေရသော ညွှန့်ပေါင်းအစိုးရကို စောစီးစွာ ရွေးကောက်ပွဲ ကျင်းပရန်လည်း ခမ်းက ဖိအားပေးခဲ့သည်။

Source: ဘန်ကောက်ပို့စ်