CNI News

၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၃၀

ကယားပြည်နယ်၊ ဒီးမော့ဆို့မြို့နယ်၊ ကုန်းသာကျေးရွာတွင် တပ်မတော်နှင့် ဖယ်ခုံဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ ဖြစ်ပွားသည့် တိုက်ပွဲ၌ ကျဆုံးသွားသည့် ရဲဘော်လေးဦးကို ယနေ့ (စက်တင်ဘာ ၃၀ ရက်) နံနက် ၇ နာရီ က သဂြိုလ်ပေးခဲ့ကြောင်း ဖက်ခုံ(PDF)မှ ထုတ်ပြန်ခဲ့သည်။

ပုံ- ဖယ်ခုံ(PDF)မှ ကျဆုံးရဲဘော် လေးဉီးကို သဂြိုလ်ပေးစဉ်(PDF Pekhon)

အဆိုပါ ထုတ်ပြန်ချက်တွင် စက်တင်ဘာ ၂၉ ရက်နေ့က ကုန်သားတိုက်ပွဲတွင် ကျဆုံးခဲ့ရသော ဖယ်ခုံ(PDF) တပ်ဖွဲ့ဝင် မောင်ပါစကွားလယ်၊ မောင်မားရ်ကို့၊ မောင်နို့၊ မောင်မြမောင်တို့၏ ရုပ်အလောင်းကို စက်တင်ဘာ ၃၀ ရက်နေ့ နံနက် ၇ နာရီအချိန် ၎င်းတို့၏ ဇာတိကျေးရွာသုဿန်တွင် သဂြိုလ်ပြီးစီးခဲ့ပါသည်ဟု ဖော်ပြထားသည်။

ဖယ်ခုံ(PDF)က “ရဲဘော်တို့အား သူရဲကောင်းများအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်လျှက်ရှိပြီး ကောင်းရာသုဂတိ လားပါစေကြောင်း ဖယ်ခုံ-PDF မှ စုမွန်ကောင်းတောင်းအပ်ပါသည်”ဟု ဆိုသည်။

ပုံ- ဖယ်ခုံ(PDF)မှ ကျဆုံးရဲဘော် လေးဉီးကို သဂြိုလ်ပေးစဉ်(PDF Pekhon)

ကယားပြည်နယ်တွင် တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ သူများလည်း ရှိနေသည်။

အဆိုပါ တိုက်ပွဲများသည် တပ်မတော်က ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် အာဏာရယူလိုက်ခြင်းကို ဆန့်ကျင်ခြင်းကနေ ဖြစ်ပေါ်လာသော တိုက် ပွဲများ ဖြစ်သည်။