CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၀

ကွဲပြားနေသည့် ကရင်လက်နက်ကိုင်များ စုစည်းပါဝင်သည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့စည်းလုံးညီညွတ်ရေး ကော်မတီသည် လူထုနှင့်တွေ့ဆုံပွဲကို ကရင်ပြည်နယ်၊ ဘားအံခရိုင် KNU ၏ တပ်မဟာ(၇)နယ်မြေအတွင်းမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သည်။

လူထုနှင့်တွေ့ဆုံပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)ဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဘက်မှ ဥက္ကဋ္ဌ စောထော့လေး၊ ဒုဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဘက်မှ ဗိုလ်မှူးကြီး စောဆန်းအောင်၊ ကရင် ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ဘက်မှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူတို့ အသီးသီး တက်ရောက်ခဲ့ကြသည်။

Photo- TST

နိုင်ငံရေးပါတီဘက်ကမူ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည့်စိုးနှင့် ရဟန်းသံဃာများ တက်ရောက်ခဲ့ကြသည်။

လက်ရှိ ကရင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် KNU ၏ လက်အောက်ခံ KNLA တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။