တရုတ်နိုင်ငံ ချင်းဟွာတက္ကသိုလ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်း ရေး ဖိုရိမ်၌ တက်ရောက်၍ “ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်၍ လူသားတိုးတက်မှုကို တွန်း အား ပေးခြင်း- Safeguarding World Peace and Promoting Human Progress” ခေါင်းစဉ်ဖြင့် အမှာစကားပြောစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီက“မြန်မာ့အရေးကိစ္စတွင် အဓိက အကျဆုံးသည် အတွင်းပိုင်း ဆွေးနွေးမှုကို တွန်း အားပေး ဖော်ဆောင်ကာ နိုင်ငံရေး ပြန်လည်သင့်မြတ်မှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဖြစ်စဉ်တွင် အခက်အခဲများ ကြုံတွေ့ရခြင်း သည် အခြေခံအားဖြင့်ဆိုရလျှင် ပြည်တွင်းရေး အရေးကိစ္စဖြစ် ကြောင်း၊ ဖွဲ့စည်း ပုံ အခြေခံဥပဒေနှင့်ဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးမှုက တဆင့် နိုင်ငံရေး ဖြေရှင်း၍ အကြမ်းဖက်ကိစ္စရပ် များ ထပ်မံဖြစ်ပွားမှုကို ရှောင်ကြဉ်ကာ နိုင်ငံနှင့် လူနေမှုအဖွဲ့အစည်း တည်ငြိမ်မှုကို ဆောလျင်စွာ ပြန်လည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း”ဆိုသည်။ ထို့နောက် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ပြည်သူများ၏ ရွေးချယ်မှုကို လက်တွေ့ကျကျ လေးစားကာ သဘောထားကွဲလွဲမှု ရင်ကြားစေ့ရေးအား အထောက်အကူပြုသည့် ကိစ္စရပ်များ ပိုမို လုပ် ဆောင်ပြီး တစ်ဖက်သတ် အရေးယူ ဒဏ်ခတ်မှုနှင့် မသင့်လျော်သည့် ကြားဝင်မှုကို ရှောင်ကြဉ်သင့်ကြောင်း ၎င်းက ပြောသည်။ မစ္စတာဝမ်ယီက “ ဆွေမျိုးပေါက်ဖော် ညီအစ်ကိုအနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရန် လေးလေး နက်နက် မျှော်လင့်ပြီး အာဆီယံ က အာဆီယံနည်းလမ်းဖြင့် မြန်မာနိုင်ငံအခြေအနေ အဆင်ပြေချောမွေ့စွာ ကိုင်တွယ် ဖြေရှင်းနိုင်ရေး(Soft Landing)ကို ဆောလျင်စွာ ဖော်ဆောင်နိုင်ရန် တွန်းအားပေးမှုကို ခိုင်မြဲစွာ ထောက်ခံအားပေး၍ မြန်မာ နိုင်ငံသို့ ကပ်ရောဂါ တိုက်ဖျက်ရေးနှင့်စီးပွားရေးစသည့် အကူအညီများကို အတူတကွ ပေးအပ်ကာ မိမိ၏ မြန်မာနိုင်ငံဘက် အသီးသီးနှင့်ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက် အသုံးပြု၍ တက်တက်ကြွကြွ ချိတ်ဆက်ကြားဝင်ဆောင် ရွက်မှုကို ဖော်ဆောင်သွားမည်”ဟု ပြောသည်။ မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲ၌ မဲမသမာမှုများ ပြုလုပ်ကာ ဖြေရှင်းပေးရန် တောင်းဆိုမှုကို လစ်လျူရှုသည်ဟုဆိုကာ တပ်မတော်က ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့ က နိုင်ငံတော်အာဏာကို ရယူလိုက်သည်။ ထို့နောက် နိုင်ငံအဝန်း စစ်တပ်ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပြီး တချို့မှာ လက်နက်စွဲကိုင် တိုက်ခိုက်တော်လှန်ရေး ကြိုးပမ်းလာခဲ့ခြင်းကြောင့် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ သွေးထွက်သံယိုမှုများဖြစ်ကာ အခက်အခဲ များဖြစ်လာခဲ့သည်။ လက်ရှိတွင် နိုင်ငံတော်အာဏာကို ရယူထားသည့် စစ်တပ်က အရပ်သားများနှင့် နိုင်ငံရေးပါတီများက လူပုဂ္ဂိုလ်များ ပါဝင် သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)ကို ဖွဲ့စည်း၍ အုပ်ချုပ်နေပြီး စစ်တပ် အာဏာသိမ်းမှုကို ကန့်ကွက်သည့် နေသူများကလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဖွဲ့စည်းကာ အာဏာပြန်လည် ရရှိရေး ကြိုးပမ်းလျက် ရှိနေသည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံများနှင့် ကုလသမဂ္ဂမှ သံတမန် အသိုင်းအဝန်းကလည်း မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အဆင်ပြေရန် ကြားဝင် ဆောင်ရွက်ပေးလျက်ရှိနေသည်။ စစ်တပ် ဆန့်ကျင်ရေး ဆောင် ရွက်နေသူများကတော့ တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများကို အလိုမရှိကြောင်း ဆန္ဒပြမှုများလည်း ရှိသည်။
#မစ္စတာဝမ်ယီ
#တရုတ်နိုင်ငံခြားရေးဝန်ကြီး
#မြန်မာနိုင်ငံ
#ဒီမိုကရေစီအသွင်ကူးပြောင်းရေး
#ပြည်တွင်းရေးပြဿနာ
#နိုင်ငံတကာ
#နိုင်ငံရေး