CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

ပြည်သူ့ပါတီ(PP)သည် ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ၊ ရွှေဂုံတိုင်၊ ယုဇနတာဝါရှိ ပါတီဌာနချုပ်တွင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပနေကြသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့ပါတီနှင့် ပူးပေါင်းလိုက်သည့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUDP)ဥက္ကဋ္ဌ ဦးစိန်ဝင်းလည်း တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။

ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် တခြားသော ပါတီများ ပူးပေါင်းလာသည့် အခြေအနေနှင့် နိုင်ငံရေး အခြေအနေများကို ဆွေးနွေးကြမည် ဖြစ်ကြောင်းသိရသည်။