ကဘူးလ် စက်တင်ဘာ ၁၉

 အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်တွင် မောင်းသူမဲ့လေယာဉ် (ဒရုန်း) ဖြင့် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၀ ဦးသေဆုံးခဲ့ရကြောင်း အမေရိကန်ဘက်မှ ထုတ်ဖော်ဝန်ံခံချက်ကို ဘီဘီစီသတင်းတစ်ပုဒ်တွင် စက်တင်ဘာ ၁၈ ရက်က ဖော်ပြထားသည်။

ဩဂုတ် ၂၉ ရက် သပိတ်မှောက်မှုတွင် အကူအညီပေးခဲ့သူ ၁ ဦးနှင့် ၎င်း၏မိသားစုဝင် ၉ ဦးတို့ ဒရုန်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က စုံစမ်းတွေ့ရှိရသည်ဟု ဆိုသည်။ သေဆုံးသည့်မိသားစု၌ အငယ်ဆုံးဖြစ်သူ စူမာရာသည် အသက် ၂ နှစ် အရွယ်သာ ရှိသေးသည်။ တာလီဘန်များ အာဏာရလာပြီးနောက်ပိုင်း ကဘူးလ်လေဆိပ်အကြမ်းဖက်တိုက်ခိုက်ဖြစ်ပွားခဲ့ကာ နောက်ထပ်ရက်အနည်းငယ်အကြာ လူအသေအပျောက်ရှိသည့် သပိတ်မှောက်မှုတစ်ခုလည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ယခု ဒရုန်းဖြင့် တိုက်ခိုက်မှုမှာ အာဖဂန်တွင် အမေရိကန်တို့ အနှစ် ၂၀ ကြာ စစ်ဆင်ရေး၏ နောက်ဆုံးလုပ်ရပ်တစ်ခုလည်း ဖြစ်သည်။

 သပိတ်မှောက်မှုကို ကူညီခဲ့သူ၏မော်တော်ယာဉ်ကို ၈ နာရီကြာအောင် အမေရိကန်ဘက်မှ ထောက်လှမ်းခဲ့ပြီး ၎င်းသည် အိုင်အက်စ်-ကေစစ်သွေးကြွအဖွဲ့နှင့် ဆက်စပ်နေသည်ဟု ယူဆခဲ့ကြောင်း အမေရိကန်ဗဟိုတပ်မှူး ဗိုလ်ချုပ်ကြီး ကန်နက်မက်ကန်ဇိုင်းက ပြောသည်။

သပိတ်မှောက်မှုကူညီခဲ့သူ၏မော်တော်ယာဉ်ကို အိုက်စ်ကေနှင့် ပတ်သက်နေသည့် ခြံဝင်းတစ်ခုထဲ၌ တွေ့ရပြီး ကွင်းဆက်အနေဖြင့် ကဘူးလ်လေဆိပ်ကို တိုက်ခိုက်ရန် အကြမ်း ဖက်အဖွဲ့၏အစီအစဉ်များ ဆက်စပ်နေကြောင်း၊ ဒရုန်းဖြင့် စောင့်ကြည့်မှုတစ်ခုတွင် ကားအောက်ပိုင်းတွင် ပေါက်ကွဲစေတတ်သောပစ္စည်းများကို တပ်ဆင်နေသည်ကို မြင်တွေ့ခဲ့ရသော်လည်း ထိုပစ္စည်းများမှာ နောက်ပိုင်းတွင် ရေဗူးများအဖြစ် ပြောင်းလဲမြင်တွေ့ရကြောင်း အမေရိကန်ထောက်လှမ်းရေးသတင်းက ဆိုသည်။

ယခုတိုက်ခိုက်မှုသည် ဝမ်းနည်းဖွယ်အမှားတစ်ခုဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး မက်ကန်ဇိုင်းက ထုတ်ဖော်ဝန်ခံခဲ့ပြီး ကဘူးလ်လေဆိပ်အသေခံဗုံးခွဲတိုက်ခိုက်မှုတွင် တာလီဘန်များ မပါကြောင်း ထောက်လှမ်းသိရှိခဲ့ရသည်ဟု ဆိုသည်။

သပိတ်မှောက်မှုအတွက် အကူအညီပေးခဲ့သူ၏အမည်မှာ ဇာကာမိုင်းရီအာမာဒီဆိုသူဖြစ်ပြီး ၎င်းနှင့် အိုင်အက်စ်ကေ (ISIS-Khorasan) စစ်သွေးကြွအဖွဲ့တို့အကြား ဆက်နွှယ်မှုမရှိသည်ကို နောက်ပိုင်းတွင် သိရှိခဲ့ရကြောင်း၊ မှားယွင်းသတ်ဖြတ်ခံရသူမိသားစုအတွက် တောင်းပန်ကြောင်း အမေရိကန်စစ်ဘက်မှ ပြောကြားခဲ့သည်။

 “ကျနော်တို့ တောင်းပန်ပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့အမှားကနေ သင်ခန်းစာယူဘို့ ကျနော်တို့ ကြိုးစားပါ့မယ်” ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က ပြောကြားခဲ့သည်။