CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဒေါနစစ်ကြောင်း၏ သင်တန်း ဆင်းပွဲနှင့် လက်နက်များ ပေးအပ်ခြင်းကို ဇန်နဝါရီ ၁၇ ရက်က ကျင်းပခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသမှ ထုတ်ပြန် ခဲ့သည်။

အဆိုပါ အခမ်းအနားကို အမျိုးသားညီညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ တောင်ပိုင်းတိုင်း စစ်ဒေသမှ ဗိုလ်မှူးကြီး စောဖီးနစ်၊ တောင်ပိုင်းတိုင်းစစ်ဒေသ- စစ်ဒေသခွဲအမှတ်(၃)မှ ဒုစစ်ဒေသမှူး ဗိုလ်စောရှားတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။