CNI International News

ဆိုးလ်၊ဒီဇင်ဘာ ၃၁

ပြည်သူများအကြား UFO သို့မဟုတ် မြောက်ကိုရီးယားဒုံးကျည် လွှတ်တင်မှုဟု ဝေခွဲမရ ဖြစ်စေခဲ့သည့်ကိစ္စမှာ solid လောင်စာသုံး ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုဖြစ်သည်ဟု တောင်ကိုရီးယားစစ်တပ်က သောကြာနေ့(ဒီဇင် ဘာ ၃၀ ရက်)တွင် အတည်ပြု ပြောကြားခဲ့ကြောင်း အေပီသတင်းမှာ ဖော်ပြထားသည်။

ထိုသို့ ဒုံးကျည် ပစ်လွှတ်ခြင်းမှာ အာကာသအခြေစိုက် ထောက်လှမ်းရေး လုပ်နိုင်စွမ်းကို တည်ဆောက်ရန်နှင့် ကာကွယ်ရေးကို မြှင့်တင်ရန် လုပ်ဆောင်မှု အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု ကာကွယ်ရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အထိအရှမခံသော လုံခြုံရေးကိစ္စရပ်များ ပါဝင်နေခြင်းကြောင့် ပြည်သူများကို ကြိုတင် အကြောင်းမကြားခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောသည်။ တောင်ကိုရီးယားနိုင်ငံတွင် သောကြာနေ့ ညနေပိုင်းက အဖြူရောင် တောက် တောက် ကောင်းကင်ပြင်ပေါ်တွင် အဖြူနှင့်အနီရောင် မီးခိုးများ ထွက်လိပ်လိပ် ထွက်ခွာ ရွေ့လျားနေသော အရာတစ်ခုကို မြင်တွေ့ခဲ့ရသည်။

solid လောင်စာသုံး ဒုံးကျည်ပစ်လွှတ်စဉ် ပြည်သူများထိတ်လန့်နေကြ(GETTY IMAGES)

ထို့ကြောင့် ပြည်သူများက ၎င်းတို့သည် ဘာမှန်းမသိသော အရာဝတ္တုတစ်ခုကို မြင်တွေ့ခဲ့ရကြောင်း လူမှုကွန်ယက် နှင့် အင်တာနက်ဝက်ဘ်ဆိုဒ်များတွင် ပလူပျံနေအောင် ရေးသားခဲ့ကြပြီး တချို့ ဗွီဒီယိုများ၊ ဓာတ်ပုံများပါ တင်ခဲ့သည်။

UFO ဟုထင်ကြောင်း၊ ထိတ်လန့်မိကြောင်း တွစ်တာ အသုံးပြုသူတစ်ဦးက ရေးသားခဲ့ကာ ကျန်တစ်ဦးကလည်း မြောက်ကိုရီးယားဘက်မှ ဒုံးကျည်ဖြစ်နိုင်သောကြောင့် စစ်ဖြစ်မည်ကို စိုးရိမ်မိသည်ဟု ဆိုသည်။ အခြားသူများမှ လည်း ထိုအရာသည် ဒရုန်းတစ်စင်းဖြစ်ကြောင်း သို့မဟုတ် သံသယရှိစရာ သဘာဝလွန် အရာတစ်ခု ဖြစ်ကြောင်း လည်း အသီးသီး ရေးသားခဲ့ကြသည်။

အဆိုပါ အရာနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းလုံးမှ ပြည်သူရာပေါင်း များစွာက အရေးပေါ်ဌာနနှင့် ရဲတပ်ဖွဲ့တို့ကို ဆက်သွယ် အကြောင်းကြားလာခဲ့သည်ဟုလည်း သိရသည်။

ယခုဖြစ်ရပ် မတိုင်ခင် လေးရက်က မြောက်ကိုရီးယား ဒရုန်းများ တောင်ကိုရီးယား ဘက်တွင်းသို့ ရောက်ရှိလာခဲ့ သော်လည်း တောင်ကိုရီးယားဘက်မှ ပစ်မချနိုင်ခဲ့ပေ။ ထို့ကြောင့် လေကြောင်း လုံခြုံရေးနှင့်ပတ်သက်သည့် စိုးရိမ်မှုများ ရှိလာခဲ့သည်။

တောင်ကိုရီးယားစစ်တပ်ကိုတွေ့ရစဉ် (GETTY IMAGES)

ထို့နောက် တောင်ကိုရီးယား စစ်တပ်ဘက်ကလည်း ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ရှားရှားပါးပါး တောင်ပန်စကားဆို ခဲ့သည်။ နိုင်ငံ၏ ပထမဆုံးသော ထောက်လှမ်းရေး ဂြိုဟ်တုကို ဂြိုဟ်ပတ်လမ်းအတွင်းသို့ လွှတ်တင်ရန် solid လောင်စာသုံး ဒုံးကျည်ကို အသုံးပြုမည်ဟု တောင်ကိုရီးယားအရာရှိများက ပြောသည်။ မတ်လတွင်လည်း တောင် ကိုရီးယားသည် ၎င်းတို့၏ ပထမဆုံးသော solid လောင်စာသုံး ဒုံးကျည်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ solid လောင်စာသုံး ဒုံးကျည်များသည် liquid လောင်စာသုံး ဒုံးကျည်များနှင့် ယှဉ်လျှင် လွှတ်တင်ချိန်နည်းကာ၊ တည်ဆောက်ပုံ ရိုးရှင်းပြီး အကုန်အကျ သက်သာသည်ဟု တောင်ကိုရီးယား အရာရှိများက ပြောသည်။

သောကြာနေ့ လွှတ်တင်မှုသည် မတ်လ စမ်းသပ်မှု၏ နောက်ဆက်တွဲ ဖြစ်သည်ဟုလည်း တောင်ကိုရီးယား ကာကွယ်ရေးဌာနက ပြောသည်။

Source: AP