CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားရှိသည့်အတွက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်အထိ ညမထွက်ရအမိန့်ကို ခေတ္တပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့(ဒီဇင်ဘာ ၂၉ ရက်)တွင် ထုတ်ပြန်ခဲ့ သည်။

ဒီဇင်ဘာ ၃၁ ရက်နေ့ နှစ်သစ်ကူးပွဲတော် ကျင်းပမည်ဖြစ်ပြီး ထိုပွဲတော်တွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် စတိတ်ရှိုးပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။