နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း နယ်မြေ လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များက မန္တလေးမြို့အတွင်း ဖောက်ခွဲရေးဆောင်ရွက်ရန် လက်နက် ခဲယမ်းများနှင့်အတူ လူတချို့ခိုအောင်းနေကြောင်း သတင်းအရ ယနေ့ နံနက် ၇ နာရီခွဲက ၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက် ရှာဖွေ စစ်ဆေးစဉ် အထဲရှိ လူများက လက်ပစ်ဗုံးများ၊ လက်နက် ငယ်များဖြင့် စတင် ပစ်ခတ် တိုက်ခိုက်လာရာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ သည်။ ထို့နောက် နှစ်ဖက် ပစ်ခတ်မှုများကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့သလို PDF (မူရင်းက အကြမ်းဖက်သူများ)ဘက်က ၄ ဦး ကျဆုံးပြီ ဖမ်းဆီးရမိသူ ၈ ဦးနှင့်အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက်နက်ငယ်တချို့ သိမ်းဆည်းရမိခဲ့ကြောင်း နစက ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ မန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့(MDY-PDF)ကတော့ မိမိတို့ဘက်က ၈ ဦး ဖမ်းဆီးခံခဲ့ရပြီး လူတချို့ကျဆုံးခဲ့ကြောင်း၊ နစက ကောင်စီ(မူရင်း စစ်ကောင်စီ) ဘက်ကလည်း ၂ ဦး ကျဆုံးကြောင်း ဆိုသည်။