CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀

နီပေါနှင့် ဘယ်လာရုစ်နိုင်ငံတို့က မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် ခန့်အပ်လွှာ ကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ယနေ့ (အောက်တိုဘာ ၂၀ ရက်) နံနက်ပိုင်းက ပေးအပ်ခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးအဖြစ် H.E. Mr. Harishchandra Ghimire က တာဝန် ထမ်းဆောင် သွားမည်ဖြစ်သည်။

ထို့နောက် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးနှင့် ချင်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးနှင့် ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွား လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု နစက-က ထုတ်ပြန်သွားသည်။

ဘယ်လာရုစ် သံအမတ်ကြီးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ခန့်အပ်လွှာပေးအပ်နေစဉ်

အလားတူ ဘယ်လာရုစ်ကလည်း မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် H.E. Mr. Uladzimir Baravikou က တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။

သံအမတ်ကြီးအဖြစ် ခန့်အပ်လွှာပေးပြီးနောက် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန် အလှန် သွားရောက်ရေးကိစ္စရပ်များ၊ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။